အထက်ညွှန်ကြားချက်ကြောင့်ဟုဆိုကာ ကိုပါကြီးသေဆုံးမှု အမှုဖွင့်ခွင့်မပေး

အထက်ညွှန်ကြားချက်ကြောင့်ဟုဆိုကာ ကိုပါကြီးသေဆုံးမှု အမှုဖွင့်ခွင့်မပေး
by -
မဇ္စျိမ

စစ်တပ်၏ ပစ်ခတ် ဖမ်းဆီး မှုကြောင့် နိုင်ငံရေးနောက်ခံရှိသူ အလွတ် သတင်းထောက် ကို အောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံး ခဲ့မှုအပေါ် ကျိုက်မရောမြို့မရဲစခန်းမှ စခန်းမှူး ဦးတင်ဦးက အမှုကို လ က်ခံခဲ့ခြင်းမရှိဟု သေ ဆုံးသူ ကိုပါကြီး၏ ဇနီးဖြစ်သူ မသန္တာက အောက်တိုဘာ ၂၆ရက်တွင် မဇ္ဈိမကို ပြောသည်။

ကိုပါကြီးအား ဖမ်ဆီးမှုတွင် ပါ၀င်သည့်အပြင် သေဆုံးမှုတွင် တာဝန်ရှိသူဖြစ်သည့် မွန်ပြည်နယ်၂၀၈ တပ်ရင်း ဗိုလ်ကြီးစန်းမင်းအောင်ကိုအလောင်းဖျောက်ဖျက် မှု၊ ညှင်းပမ်းသတ်ဖြတ်မှု၊ မတရားဖမ်းဆီးမှုတို့ဖြင့် အမှုဖွင့် ပေးရန် တိုင်ကြားခဲ့သော်လည်း အထက်ညွှန်ကြားချက်ကြောင်ဟုဆိုကာအမှုကိုဖွင့်မပေးနိုင်ကြောင်း စခန်းမှူး က ပြောဆိုခဲ့သည်ဟု မသန္တာက ဆိုသည်။

Par-Gyi

“ဥပဒေအရ အကာအကွယ်ပေးမယ်ဆိုပြီး ဘာကြောင့် အမှုကို ဖွင့်ခွင့်မပေးတာလဲ။ ဒီမှာမရလဲခရိုင်နဲ့ တိုင်း အထိ အမှုသွားဖွင့်မှာပါ ”ဟု မသန္တာက ပြောသည်။

အမှုဖွင့်ခွင့်မပေးသည့် ကိစ္စနှင့်ပတ်သက်၍ ကျိုက်မရောမြို့မ ရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

စက်တင်ဘာ ၃၀ တွင် ကိုပါကြီးအား ကျိုက်မရောမြို့ လေဆိပ်တွင် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပတ်သက် မှုရှိကြောင်း စွပ်စွဲချက်ဖြင့် မွန်ပြည်နယ် တပ်ရင်း ၂၀၈ မှ ဗိုလ်ကြီး စန်းမင်းအောင်နှင့် အဖွဲ့များကဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်။

ကိုပါကြီးသည် ကလို့ထူးဘောကရင်အစည်းအရုံး (KKO) စောဆန်းအောင် အဖွဲ့မှ ဗိုလ်ကြီးအဆင့် ပြန်ကြားရေး တာဝန်ခံတစ်ဦးဖြစ်ပြီး တပ်မတော်မှ ဖမ်းဆီး ထားစဉ် ကင်းစောင့်စစ်သားထံမှ လက်နက် လုယူထွက်ပြေး သော ကြောင့် ကင်းစောင့်စစ်သားမှ ပစ်ခတ်ဖမ်းဆီးရာ တွင် သေနတ်ဒဏ်ရာဖြင့် အောက်တိုဘာ ၄ ရက်တွင် သေဆုံးသွားခဲ့သည်ဟု ကာကွယ်ရေးဌာနမှ အောက်တိုဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

သို့သော် ကိုပါကြီးသည် ၎င်းတို့၏ အဖွဲ့ဝင်တစ်ဦးမဟုတ်ကြောင်း DKBAအဖွဲ့ချုပ်နှင့် ABSDF အဖွဲ့တို့က မဇ္ဈိမကို အတည်ပြုပြောကြားထားသည်။

ကိုပါကြီးအသတ်ခံရမှုအတွက် အစိုးရမှ ဖြေရှင်းပေးရန်နှင့် မွန်ပြည်နယ် စစ်တပ်ကို အရေးယူပေးရန် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ သတင်ထောက်များက ဆန္ဒပြရန်စီစဉ်နေသည်ဟု ဆိုသည်။

 ရန်ကုန်မြို့တွင်လည်း အောက်တိုဘာ ၂၆ တွင် မြို့တော်ခန်းမရှေ့၌ ၈၈မျိုးဆက်အဖွဲ့အစည်း အပါအဝင် အဖွဲ့အစည်း၄၆ဖွဲ့မှကိုပါကြီးသေဆုံးမှုအတွက်ပြန်လည် စစ်ဆေးပေးရန်နှင့် ပြစ်မှုကျူးလွန်သူကို အရေးယူပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။