အစိုးအဖွဲ့၏ ဖြည့်စွက်ဘဏ္ဍာ တောင်းခံငွေများထဲတွင် ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုမထားသည့်လုပ်ငန်းများ ပါဝင်

အစိုးအဖွဲ့၏ ဖြည့်စွက်ဘဏ္ဍာ တောင်းခံငွေများထဲတွင် ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုမထားသည့်လုပ်ငန်းများ ပါဝင်
by -
မဇ္စျိမ

၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် အစိုးရအဖွဲ့က နောက်ထပ် ဖြည့်စွက်တောင်းခံငွေ (RE: Revised Estimated) များတွင် ပြည်ထောင်စု လွှတ်တော်က ခွင့်ပြုမထားသည့် လုပ်ငန်းများ ပါဝင်နေသည် ဟု ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေရေး

ကြေးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင် ဒေါ်ခင်စန်းလှိုင်က ပြည်ထောင်စုလွှတ်တော် ၁၁ ကြိမ်မြောက် အစည်းအဝေးတွင်ပြောခဲ့သည်။

“ပြည်ထောင်စု လွှတ်တော်ရဲ ့ ခွင့်ပြုချက် မရသေးဘဲ သမဝါယမဝန်ကြီးဌာနဟာ China EXIM Bank နဲ့ စပ်လျဉ်းပြီး ချေးငွေ ဒေါ်လာသန်း ၃၀၀ အတွက် ဝန်ဆောင်ခ တစ်ရာခိုင်နှုန်း၊ နှစ်လစာအတိုး ကျပ်သန်း ၂,၂၀၅၊ ပေါင်း ကျပ် ၅,၁၄၅ သန်း ဖြည့်စွက်တောင်းခံထားပါတယ်” ဟု ၎င်းက ဝေဖန်ထောက်ပြခဲ့သည်။

သမဝါယမ ဝန်ကြီးဌာနသည် ထိုချေးငွေကို micro-finance လုပ်ငန်းအဖြစ် ပြည်တွင်း၌ တစ်ဆင့်ပြန် ချေးမည်ဖြစ်ပြီး ထိုလုပ်ငန်းအတွက် ပြည်ထောင်စု လွှတ်တော်၏ ခွင့်ပြုချက်မရသေးသည်ကို ၎င်းက ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။

“ချေးငွေတွေကို အတိုးနှုန်း ဘယ်လောက်နဲ့ ထပ်ဆင့် ပြန်ချေးမှာလဲ၊ အတိုးနှုန်း ကွာဟမှုက ဖြစ်ပေါ်လာမယ့် အကျိုးအမြတ် ဘယ်လိုခွဲဝေသုံးစွဲမှာလဲ ဆိုတာကို ဖော်ပြဖို့လိုတဲ့အပြင် ထပ်ဆင့်ချေးငွေတွေကို သ/မဝန်ကြီးဌာနက ဘယ်လို စီမံခန့်ခွဲမှာလဲကိုပါ ရှင်းလင်းဖော်ပြဖို ့လိုပါတယ်” ဟုလည်း ဖြည့်စွက်ပြောသည်။

သ/မ ဝန်ကြီးဌာနက ယခုဖြည့်စွက်တောင်းခံသည့် RE ပမာဏမှာ ပြည်ထောင်စု လွှတ်တော်က မူလခွင့် ပြုထားငွေ BE ထက် ငါးဆကျော် ပိုများနေပြီး အားကစား ဝန်ကြီးဌာန၊ လယ်/ဆည် ဝန်ကြီးဌာနနှင့် ပြန်ကြားရေး ဝန်ကြီးဌာနတို့လည်း မူလခန့်မှန်းငွေနှင့် ကွဲလွဲနေသည်။

Most read this week