ဒီမိုကရေစီ အစိုးရလက်ထက် သက်တမ်းအကြာဆုံး သပိတ်စခန်း မိကျောင်းကန်မှ ဆန္ဒဖော်ထုတ်သူ ၁၃ဦးမှာ ကျန်မားရေး ချို့တည့်နေပြီး အချို့မှာ အိမ်ပြန်သွားရကြောင်း သပိတ်စခန်းတွင် ဆန္ဒဖော်ထုတ်နေသူ ဦးမောင်မောင်က မဇ္စျိမကို ပြောသည်။
သပိတ်စခန်းမှ အသက် ၅၀ ကျော်အရွယ်ရှိပြီဖြစ်သည့် ဦးပြံုး၊ ဦးခင်စိုး၊ ဦးလှမြင့်၊ ဇော်မင်းဦး၊ ဦးဝင်းမြင့်၊ ဦးအက်စောက်၊ ဦးသန်းစိန်၊ ဒေါ်ဝင်းကြည်၊ ဒေါ်ခင်စောရီ၊ ဒေါ်လှရင်၊ ဒေါ်မြင့်မြင့် သန်း၊ ဒေါ်စောသိန်းနှင့် ဒေါ်သိန်းသိန်းအေးတို့သည် ကျန်းမာရေးချွတ်ယွင်းလာပြီး ဦးပြံုး နှင့် အသက်၃၆နှစ် အရွယ်ရှိပြီ ဖြစ်သည့် ကိုဇော်မင်းဦးမှ အကြောကပ်ခြင်းနှင့် အဆုပ်ရောဂါ အသည်းအသန်ဖြစ်နေသည့် အတွက် နေအိမ်ပြန်သွားရသည်ဟု ၎င်းက ဆိုသည်။
"ကျန်းမာရေးချို့တည့်သူတွေအတွက် ဆေးကုဖို့ ငွေကြေးအခက်အခဲရှိနေပါတယ်။ အခုတောင် သပိတ်စခန်းက အလှူခံပြီး စားနေရတော့ အဟာရလည်း ချို့တည့်တော့ ကျန်းမာရေးထိတဲ့ သူတွေများလာတယ်’’ ဦးမောင်မောင်က ပြောသည်။
ကျောက်တံတား မြို့နယ်၊ ရန်ကုန်တရားလွှတ်တော်ရုံးရှေ့၊ မဟာဗန္ဓုလပန်းခြံအနီးတွင် မိကျောင်းကန်မြေ ပြန် လည်ရရှိရေးအတွက် သပိတ်စခန်းဖွင့် ဆန္ဒဖော်ထုတ်နေသည်မှာ အောက်တိုဘာလ ၂၃ရက်တွင် ရှစ်လပြည့်ပြီဖြစ်သည်။
သပိတ်စခန်းဖွင့်ရက် ကြာမြင့်လာသည့်အမျှ ဆန္ဒဖော်ထုတ်နေသူများအနေဖြင့် သမံတလင်းပေါ်တွင် နေထိုင်ရ သည့်အတွက် အဆုပ်ရောဂါ၊ အကြောကပ်ခြင်းနှင့် အစာအိမ်ရောဂါ၊ နှလုံးရောဂါများ ဖြစ်နေကြကြောင်း ဦးမောင်မောင်က ဆိုသည်။
၎င်းက“ အမျိုးသားနှစ်ယောက်ဆိုရင် တော်တော်ဆိုးဆိုးဖြစ်နေတယ်။ ဒီမှာပဲ လဲနေတယ်။ အိမ်ပြန်ပါဆို မပြန်ဘူး။ ဒီမှာ အသေခံမယ်လို့ ပြောတယ်။ ဆေးဖိုးဝါးခမရှိဘူး”ဟု ပြောသည်။
အဆိုပါ မိကျောင်းကန်သပိတ်စခန်းကို အောက်တိုဘာလာ ၃ရက်တွင် နောက်ဆုံးထားဖျက် သိမ်းပေးပြောင်းရွှေ့ပေးရန် စည်ပင်မှ အကြောင်းကြားစာပေးပို့ခဲ့သော်လည်း မိကျောင်းကန်သပိတ် စခန်း ရက် ၂၀၀ ပြည့်အထိမ်းအမှတ်အဖြစ် အောက်တိုဘာလ ၉ရက်တွင် ဆန္ဒပြသူ ၄၀ကျော် အစာငတ်ခံဆန္ဒဖော်ထုတ် ခဲ့ခြင်းဖြစ်သည်။