လိပ်ကျွန်းအမှုရင်ဆိုင်ရန် မြန်မာနှင့်ထိုင်း ရှေ့နေများကောင်စီတို့ ပူးပေါင်းပြင်ဆင်

လိပ်ကျွန်းအမှုရင်ဆိုင်ရန် မြန်မာနှင့်ထိုင်း ရှေ့နေများကောင်စီတို့ ပူးပေါင်းပြင်ဆင်
by -
မဇ္စျိမ

ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်း (လိပ်ကျွန်း)တွင် ဗြိတိန်စုံတွဲ အသတ်ခံရမှုကို ကျူးလွန်သည်ဟု ထိုင်းရဲတို့ထုတ် ပြောထားသည့် မြန်မာနှစ်ဦး၏ အမှုကို ရင်ဆိုင်ရန် မြန်မာနှင့် ထိုင်းရှေ့နေများကောင်စီ အဖွဲ့တို့ ပူးပေါင်း ပြင်ဆင်နေပြီဖြစ်သည်။

“အချက်အလက ်စုဆောင်းတာတွေကို ထိုင်းရှေ့နေကောင်စီနဲ့ ပူးပေါင်းပြီး ဆွေးနွေးကြပါမယ်” ဟု မြန်မာ သံရုံးအထူးအဖွဲ့မှ ရှေ့နေ့ ဦးအောင်မျိုးသန့်က ပြောသည်။ ဆွေးနွေးပွဲကို အောက်တိုဘာ ၂၁၊ ၂၂ ရက် တွင် ပြုလုပ်ရန် စီစဉ်ထားသည်။

Thailan-Suspects-3

ထိုင်းရှေ့နေများကောင်စီနှင့် ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးဝင်းမောင်နှင့် ၎င်းဦးဆောင်သော စုံစမ်းရေးအဖွဲ့တို့ ပါ၀င်ဆွေးနွေးမည်ဖြစ်သည်။

အမှုကို ထိုင်းအစိုးရ ဥပဒေရုံးက အချက်အလက်များ မပြည့်စုံဟုဆိုကာ အောက်တိုဘာ ၈ ရက်တွင် ပယ်ချ ထားပြီး တစ်လအတွင်း စုံစမ်းစစ်ဆေးမှု အပြီးသတ်ရန် ထိုင်းရဲတပ်ဖွဲ့ကို ညွှန်ကြားထားသည်။

ယင်းဖြစ်စဉ်ကို စုံစမ်းလေ့လာရန် မြန်မာနိုင်ငံမှ ပြည်ထောင်စုအဆင့် တာဝန်ရှိသူ ဦးဆောင်သောအဖွဲ့ လာရောက်ရန် ရှိသည်ဟု ဦးအောင်မျိုးသန့်က ပြောသော်လည်း မည်သူတို့ပါ၀င်မည်ကို မဇ္ဈိမက အတည် မပြုနိုင်သေးပေ။

မြန်မာနှင့် ဗြိတိန်အစိုးရတို့က ယင်းအရေး စစ်ဆေးမှု ပူးပေါင်းခွင့်ရရန် တောင်းဆိုခြင်းကို လည်း အောက်တို ဘာ ၁၅ ရက်တွင် ထိုင်းဝန်ကြီးချုပ်က ခွင့်ပြုလိုက်ပြီဖြစ်သည်။

ထိုင်းလူ့အခွင့်အရေး ကော်မရှင်ကလည်း မြန်မာနှစ်ဦးကို နှိပ်စက်ညှဉ်းပန်း၍ ၀န်ခံချက်တောင်း သည်ဆို သော သတင်းများ ထွက်ပေါ်မှုကြောင့် ထိုင်းရဲတပ်ဖွဲ့ကို အောက်တိုဘာ ၂၀ရက်တွင် စစ်ဆေးရန် ရှိသည် ဟု ဦးအောင်မျိုးသန့်က ဆိုသည်။

ထို့ပြင် ထိုင်းရဲတပ်ဖွဲ့က တရားလိုပြသက်သေအဖြစ် စာရင်းသွင်းထားသော မြန်မာသုံးဦးကိုလည်း ကော်မ ရှင်က တွေ့ဆုံရန်ရှိသည်ဟု ၎င်းက ပြောသည်။

လူသတ်မှုသည် စက်တင်ဘာ ၁၅ ရက် က ဖြစ်ပွားခဲ့ပြီး ထိုင်းရဲတို့က မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ် သမား ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းဦးတို့ ကျူးလွန်သည် ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယင်းနှင့် စပ်လျဉ်း၍ ထိုင်းဝန်ကြီးချုပ်၏ အောက်တိုဘာလအတွင်း မြန်မာနိုင်ငံ ခရီးစဉ်နှင့် အာရှ- ဥရောပ ခရီးစဉ်တို့တွင် ကန့်ကွက်ဆန္ဒပြခံရသည်။