မြေပြိုမှုကြောင့် အုပ်ထိန်းသူသေဆုံးခဲ့ရသည့် ကလေးသုံးဦး အနာဂတ်အတွက် ပြည်နယ်အစိုးရ ကူညီမည်

မြေပြိုမှုကြောင့် အုပ်ထိန်းသူသေဆုံးခဲ့ရသည့် ကလေးသုံးဦး အနာဂတ်အတွက် ပြည်နယ်အစိုးရ ကူညီမည်
by -
မဇ္စျိမ

အောက်တိုဘာ ၁၇ ရက်ညပိုင်းက တောင်ကြီးမြို့ကျောင်းကြီးစုရပ်ကွက်တွင် ဖြစ်ပွားခဲ့ သည့်  မြေပြိုကျမှုဖြစ်စဉ်တွင် အုပ်ထိန်းသူများမ ရှိတော့သည့် ကျန်ရစ်သူ ကလေးသုံးဦး၏ အနာဂတ်အတွက် ပြည်နယ်အစိုးရက ကူညီမည်ဟု ရှမ်းပြည်နယ်အစိုးရ၏ ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင် က  အောက်တိုဘာ ၁၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

“ကလေးတွေရဲ့ ဆွေမျိုးသားချင်းတွေအပိုင်းက ဘယ်လိုဆောင် ရွက်ချင်တယ်။ ကလေးတွေ အနာဂတ်ကို ဘယ်လိုဆောင် ရွက်မယ်ဆိုတာကို သူတို့အနေနဲ့ တင်ပြတဲ့အခါမှာ ပြည်နယ်အစိုးရအနေနဲ့ အကောင်းဆုံး ဖြစ်အောင် ကူညီပေးနိုင်ဖို့ ရှိပါတယ်” ဟု ဘဏ္ဍာရေးဝန်ကြီးက ပြောသည်။

groung

အောက်တိုဘာ ၁၇ ရက်ညပိုင်းက တောင်ကြီးမြို့တွင် မိုးသည်းထန်စွာရွာသွန်းနေချိန် ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ(၁၀) ၊ခွာညိုလမ်းသွယ် ၊ အိမ်အမှတ် ရပ/၈၃ နေအိမ်နှင့်ကပ်လျက် အနောက်မြောက်ထောင့်ရှိ အုတ်တံ တိုင်းကျောက်ရိုးပြိုကျကာ အိမ်ရှင် ဒေါ်နန်းမွေခမ်းအပါအဝင် မိုင်းတုံမြို့မှ ဧည့်သည် အမျိုး သားတစ်ဦးနှင့် အမျိုး သမီးသုံးဦး စုစုပေါင်း ငါးဦး သေဆုံးခဲ့သည်။

သေဆုံးသူ ဒေါ်နန်းမွေးခမ်း၏ သားသမီးများဖြစ်သော ဆယ်တန်းကျောင်းသူ တစ်ဦး ၊အဌမတန်း ကျောင်းသူ တစ်ဦးနှင့် ဆဌမတန်း ကျောင်းသားတို့မှာ အ သက်ဘေးမှ လွတ်မြောက်ခဲ့ပြီး လက်ကျိုး၊ ပွန်းပဲ့ဒဏ်ရာများဖြင့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ အရိုးကုသဆောင်တွင် တက်ရောက်ကုသ လျက်ရှိသည်။

အဆိုပါ ကလေးများ၏ အနာဂတ်အတွက် ပြည်နယ်အစိုးရက ကူညီမည်ဟု ဘဏ္ဍာရေးဝန်ကြီးက ပြောဆို လိုက် ခြင်းဖြစ်သည်။

သေဆုံးခဲ့သူ ငါးဦးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ နာရေးကူငွေအဖြစ် တစ်ဦးလျင် ကျပ်တစ် သိန်းနှုန်းဖြင့်  အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက လူမှုရေး ၀န်ကြီးဒေါက်တာမျိုးထွန်း၊ ဘဏ္ဍာအခွန်ဝန်ကြီး ဦးခွန်သိန်း မောင်တို့ကိုယ်တိုင် နာရေးဖြစ်ပွားရာ ဆွေမျိုးများအိမ်သို့ သွားရောက် ထောက်ပံ့ခဲ့ပြီး ဒဏ်ရာရ ကလေး ငယ်များအတွက်လည်း တစ်ဦးလျင် ကျပ်ငါးသောင်းနှုန်းဖြင့် ကူညီခဲ့သည်။

ယခုဖြစ်စဉ်ကြောင့် တောင်ကြီးမြို့ပေါ်တွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သတ်ပြီး မြန်မာစာအပြင် တိုင်း ရင်းသားဘာသာဖြင့် ရေးသားထားသော အသိ ပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ရပ်ကွက် ကျေးရွာများတွင် ပညာပေး ဟောပြောခြင်းများ လုပ်ဆောင်သွားမည်ဖြစ်သည်။