ညောင်ဝန်းရွာ၌ သိမ်းသည့်မြေနှင့် ပြန်စွန့်လွှတ်သည့် မြေကွာခြားမှုကို ဒေသခံများ လက်ခံမည်မဟုတ်

ညောင်ဝန်းရွာ၌ သိမ်းသည့်မြေနှင့် ပြန်စွန့်လွှတ်သည့် မြေကွာခြားမှုကို ဒေသခံများ လက်ခံမည်မဟုတ်
by -
မဇ္စျိမ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ ညောင်ဝန်းကျေးရွာရှိ စစ်တပ်က သိမ်းဆည်းထားသော လယ်ဧက ၃,၀၀၀ ကျော်အနက် ရ၅ ဧကသာ ပြန်လည်စွန့် လွှတ်ပေးသောကြောင့် ယင်းကိုလက်ခံရ ယူ မည်မဟုတ်ဟု ဒေသခံများက ပြောသည်။

“ကျွန်တော်တို့ မယူပါဘူး။ အခုလို မဖြစ်စလောက်ပြန်ပေးတာဟာ ရွာသူရွာသား အချင်းချင်း အိုးမည်း သုတ် ရန်တိုက်ပေးတာပဲ။ အားလုံးပြန်ရ အောင်လုပ်သွားမယ်။ အခုလို သွေးကွဲအောင်ပေးနေတာကို လက်မခံပါဘူး” ဟု ကိုမျိုးညိမ်းဇော်က ပြောသည်။

 ညောင်ဝန်းကျေးရွာတွင် တောင်သူများ ထွန်တုံးတိုက်ပွဲဝင်မှုကြောင့် ရဲနှင့်ဒေသခံတို့ ပဋိပက္ခဖြစ်ပွားမှုအပြီး တွေ့ရစဉ်။

အဆိုပါ ကျေးရွာရှိ ကွင်းအမှတ် ၃၉၊ ၄၀၊ ၄၁၊ ၄၂၊ ၄၃ များရှိ အမှတ်(၁၂၁) ထောက်ပ့ံရေးနှင့် ပို့ဆောင် ရေးတပ်ရင်းမှ သိမ်းယူထားသော လယ်ယာမြေဧက ၃,၀၆၀ ဒသမ ၄၃ အနက် ရ၅ ဒသမ ၀၀ ဧကသာ အသုံးပြုရန် မလိုအပ်တော့သဖြင့် စွန့်လွှတ်ပေးမည်ဟု အောက်တိုဘာ ၁၆ ရက်၊ ညနေ ၅ နာရီတွင် ကျေး ရွာအုပ်ချုပ်ရေးမှူးမှ တစ်ဆင့် ဒေသခံများထံ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၁၄ ရက်က ထွန်တုံးတိုက်ပွဲဝင်သူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က သေနတ်များဖြင့် အကြမ်းဖက် ၀င်ရောက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သောကြောင့် ဒေသခံတချို့သေနတ်ဒဏ်ရာများ ရခဲ့သည်။

ထို့ကြောင့် ဒေသခံများက လယ်ယာမြေပြန်လည်ရရှိရေးနှင့် သေနတ်ဖြင့် ပစ်သူများကို ဖော်ထုတ်ပေးရန် စက်တင်ဘာ ၃၀ ရက်တွင် စဉ့်ကူးမြို့တက်၍ အင်အား ၁,၀၀၀ ဦးဖြင့် ဆန္ဒဖော်ထုတ်ခဲ့သည်။

အဆိုပါ ဆန္ဒဖော်ထုတ်မှုအပြီး လယ်ယာမြေ ရ၅ ဧကကို စစ်တပ်က ပြန်လည် စွန့်လွှတ်ခြင်းဖြစ်သည်။

“ကျွန်မတို့ မြေပြန်ပေးတယ်ဆိုတော့ ပျော်တာပေါ့။ မျှော်လင့်ချက်ကိုယ်စီ၊ အတွေးကိုယ်စီနဲ့ပဲ။ ဒါပေမဲ့ တကယ်ပေးမယ်ဆိုတဲ့ အကြောင်းကြားစာရောက်လာတော့ ရ၅ ဧကပဲရှိတဲ့။ သူတို့သိမ်းတာ ဧက ၃,၀၀၀ ကျော်ရှိတယ်။ အများကြီးကွာနေတော့ တစ်ရွာလုံးက လက်မခံခဲ့ဘူး။ ဒါကြောင့် တစ်ရွာလုံးက အားလုံးပြန်ရမှယူမယ်ဆိုပြီး ဆုံးဖြတ်ထားတယ်”ဟု ဒေါ်မိုးဆွေက ပြောသည်။

စစ်တပ်မှ ပြန်လည်စွန့်လွှတ်သော လယ်ယာမြေ ရ၅ ဧကကို လက်မခံကြောင်း လက်မှတ်များထိုး၍ ကာ ကွယ်ရေးဝန်ကြီး ဌာနနှင့် အမှတ် (၁၂၁)၊ ထောက်ပ့ံရေးနှင့် ပို့ဆောင်ရေးတပ်ရင်းသို့ ပေးပို့သွားမည် ဟု ဒေသခံများက ဆိုသည်။

“ကျွန်တော်ကတော့ အထက်က အကြောင်းကြားလို့ ပြောပြတာပဲရှိတယ်။ ရွာသားတွေက လက်မခံဘူး ဆိုရင် လက်မခံတဲ့အတိုင်း အထက်ကို တင်ပြပေးသွားမှာပါ။ ကျွန်တော်က ရွာသားတွေနဲ့ တစ်ထပ်တည်းပါပဲ”ဟု ညောင်ဝန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းက ပြောသည်။

Most read this week