တရားဥပဒေစိုးမိုးမှု အားနည်းနေခြင်းကြောင့် တရားမဝင် သတ္တုတူးဖေါ်မှုများ ပိုမိုများပြားလာနေသည် ဟု မြန်နိုင်ငံ သတ္တုလုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်မြင့်ဝင်းက ဝေဖန်ပြော ဆိုလိုက်သည်။
ထိုကဲ့သို့ တရားမဝင်တူဖေါ်မှုများကြောင့် သဘာဝ ပတ်ဝန်းကျင် ထိုက်ခိုက်ပျက်စီမှုများလည်း နောက်ဆက် တွဲ ဖြစ်ပေါ်နေသည်ဟု သူက ဆိုသည်။
“တရားမဝင် သတ္တုတူးတဲ့လူတွေက တစ်နေရာမှာတူးလို့ မထွက်ရင် နောက်တစ်နေရာမှာ တူးတယ်။ သူတို့ ကြိုက်သလိုတူးကြတယ်။ တွင်းတွေကို ပြန်ဖို့တဲ့ အစီအစဉ်လည်း မရှိဘူး။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရကောင်းမှန်းလည်း သူတို့ မသိကြဘူး” ဟု ဝေဖန်သည်။
လက်ရှိတွင် သတ္တုထွက်ရှိရာ တိုင်း ကိုးခုတွင် တရားမဝင် တရားဝင်သတ္တုလုပ်ငန်းများ ပိုများနေကြောင်း၊ ဒေသ အာဏာပိုင်များနှင့် ညှိနှိုင်းတူးခြင်းနှင့် ကိုယ်တိုင် တရားမဝင် တူးဖော်နေကြရာ သတ္တုတွင်း ၀န်ကြီးဌာနနှင့် ဒေသအစိုးရအဖွဲ့များမှ အရေးယူသော်လည်း လျော့ကျသွားခြင်း မရှိဟု ၎င်းကဆိုသည်။
“လုပ်ကွက်တွေက သတ်မှတ်ချက်တွေနဲ့ ညီညွတ်မှု မရှိဘူးဆိုရင် အဲ့ဒီအပေါ်မှာ အပြစ်ပေးအရေးယူပါတယ်။ လုပ်ကွက်ပိတ်တာတို့ ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုမရှိအောင် ပြန်လုပ်ပေးတာတို့ ပြစ်ဒဏ်ပေးပါတယ်။ ဒေသ ခံတွေအနေနဲ့ သတ္ထုတွင်း ၀န်ကြီးဌာနကို လိပ်မူပြီး တိုင်ကြားဖို့လိုပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် တရားဝင် သတ္ထုတူးဖော်ခြင်းနှင့် စမ်းသပ်ထုတ်ယူလုပ်ငန်းများကို စုစုပေါင်း ကုမ္မဏီ ၂,၀၀၀ ကျော်က လုပ်ကိုင်ဆောင်ရွက်နေသည်။