နတ်မတောင် အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူးက ဌာနပိုင်ငွေ အလွဲသုံးစားပြုမှု နှင့် ၀န်ထမ်းများထံမှ လစာ ဖြတ်တောက်မှုများနှင့် ပတ်သက်၍ အရေးယူပေးနိုင်ရန် အောက်တိုဘာ ၁၃ ရက်က သမ္မတထံတိုင်ကြားစာ ပို့လိုက်ပြီဖြစ်ကြောင်း ချင်းတိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးစိန်ထွန်းက မဇိ်္စျမကို ပြောသည်။
“ကျွန်တော်တို့မှာ အချက်အလက်တွေ အခိုင်အမာရှိတယ်။ စာရွက်စာတမ်းတွေ လည်းရှိပါတယ်။ လွှတ်တော်မှာ မေးခွန်းမေးဖို့ ချင်းအမျိုးသားလွှတ်တော်ကို စာပို့ထားပါတယ်” ဟု ၎င်းက ပြောသည်။
အုပ်ချုပ်ရေးမှူးသည် ၀န်ထမ်း ၈၈ ဦး ခန့်ထားရန် ဖွဲ့စည်းပုံအရ သတ်မှတ်ထားသော်လည်း ၂၆ ဦးသာခန့်ပြီး ထိုဝန်ထမ်းများထံမှ လစာထက်ဝက်ခန့် ဖြတ်တောက်ခြင်း၊ ရုံးသုံး စက်ယန္တရားများကို အပြင်သို့ အခယူ ငှား ရမ်းခြင်းတို့ကို တိုင်ကြားခြင်း ဖြစ်ကြောင်း ဦးစိန်ထွန်းက ဆိုသည်။
ပျက်နေသည့် ရုံးသုံးယာဉ််ကို ပြင်မပေးဘဲ ယာဉ်အတွက် လစဉ်သုံးခွင့်ရ ဓာတ်ဆီ ၁၈ ဂါလန်ကို ရောင်းချနေ သည် ဟုလည်းပြောသည်။ ထိုအုပ်ချုပ်ရေးမှူးမှာ ၂၀၁၀ ပြည်နှစ်မှ စတင်တာဝန်ထမ်းဆောင်ရန် ရွှေ့ပြောင်း လာခြင်းဖြစ်ပြီး ယင်းကိစ္စရပ်များ လုပ်ဆောင်နေသည်မှာ သုံးနှစ်ခန့်ရှိပြီး ၀န်ထမ်းများစုပေါင်း၍ အထက်ညွှန် ကြား ရေးမှူးထံသုံးကြိမ် တိုင်ကြားခဲ့သော်လည်း အရေးယူခြင်းမရှိဟု ဒေသခံတို့က ဆိုသည်။