ဖမ်းဆီးခံ မြန်မာနှစ်ဦးအရေး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ထိုင်းအမျိုးသား ဥပဒေပြု ညီလာခံသို့ သဝဏ်လွှာပေးပို့

ဖမ်းဆီးခံ မြန်မာနှစ်ဦးအရေး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ထိုင်းအမျိုးသား ဥပဒေပြု ညီလာခံသို့ သဝဏ်လွှာပေးပို့
by -
မဇ္စျိမ

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း (ကော့သောင်ကျွန်း)တွင် ဖြစ်ပွားခဲ့သော လူသတ်မှု၌ မြန်မာနှစ်ဦး ဖမ်းဆီးခံ ထားရခြင်းနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ထိုင်းနိုင်ငံငံ အစိုးရ ဥပဒေပြုအဖွဲ့ ဖြစ်သည့် အမျိုးသားဥပဒေပြု ညီလာခံသို့ အောက်တိုဘာ ၁၃ရက် ရက်စွဲဖြင့် သဝဏ်လွှာပေး ပို့သည်ကို ထောက်ခံကာ ဧရာဝတီတိုင်း မဲဆန္ဒနယ် (၁၂) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရည်က အရေးကြီးအဆို တင်သွင်းခဲ့သည်။

"ဒီဖြစ်ရပ်ပေါ်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံသား အပေါင်းကနေ စိတ်မချမ်းမသာဖြစ်ပြီးတော့ ဒီတရားမျှတမှု ရလာဒ်ကို မျှော်လင့်ကြီးစွာနဲ့ စောင့်စားနေတာကို တွေ့ရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပက်သက်ပြီးတော့ ဒီနိုင်ငံသား နှစ်ဦးဟာ တရားမျှတမှု၊ လူ့အခွင့်အရေးကို အပြည့်အဝရရှိခြင်း မရှိဘူးလို့၊ နိုင်ငံတော်အစိုးရ ဖွဲ့ကလည်း လွှတ်တော် ဥက္ကဋ္ဌကြီး အမိန့်ရှိသလို ဆောင်ရွက်နေပြီဖြစ်ပါတယ်။"ဟု ဦးခင်မောင်ရည်က အောက်တိုဘာ ၁၃ရက်က အမျိုးသားလွှတ်တော်၌ ထိုင်းဖြစ်စဉ်တွင် မြန်မာအလုပ်သမားနှစ်ဦးအား ဖမ်းဆီးထားခြင်းကို ရည်ရွယ်၍ ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူလတ်ဌာနီခရိုင်ရှိ ကော့တောင် (ခိုတောင်) ကျွန်းပေါ်တွင် ဗြိတိန်စုံတွဲ အသတ်ခံရမှုအ တွက် လူသတ်မှုကျူးလွန်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသော မြန်မာလုပ်သားနှစ်ဦး၏ မိဘများ ကျောက်ဖြူမှ ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသည်ကို တွေ့ရစဉ်။

ယင်းအပြင် ဦးခင်အောင်မြင့် ထိုင်းနိုင်ငံ အမျိုးသားဥပဒေပြု ညီလာခံသို့ ပေးပို့ခဲ့သည့် သဝဏ်လွှာမှာ ပြည်သူ့ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက်ကို လွှတ်တော်က ဖော်ဆောင်ခြင်းဖြစ်ပြီး အမျိုးသား လွှတ်တော်၏ ဆောင်ရွက်ချက်ဖြစ်၍ အဆိုပါ သဝဏ်လွှာကို ပေးပို့သင့်ကြောင်း လွှတ်တော်က တညီတညွတ်ထောက်ခံ သည်ဟု အဆိုတင်သွင်းထားသည်။