ပုဒ်မ ၁၄၄ ထုတ်ထားသည့် ရွှေထွက်တောင်တွင် ရွှေတူးသူ ၂၀ ဦးကို ထောင်ဒဏ် ၁ လ ချမှတ်

ပုဒ်မ ၁၄၄ ထုတ်ထားသည့် ရွှေထွက်တောင်တွင် ရွှေတူးသူ ၂၀ ဦးကို ထောင်ဒဏ် ၁ လ ချမှတ်
by -
မဇ္စျိမ

နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ရွှေထွက်သည့်တောင်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် သွားရောက် ရွှေတူးသူ ၂၀ ဦးကို ထောင်တစ်လ ချမှတ်လိုက်သည်ဟု တာဝန်ရှိသူများထံမှ သိရသည်။

“ပုဒ်မ ၁၈၈ နဲ့ အရေးယူတာပါ။ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာကို အမိန့်မနာခံတဲ့ အတွက်ပေါ့။ ရမည်းသင်း ထောင်ကို ပို့လိုက်ပါပြီ” ဟု ရဲချုပ်ရုံးမှ ဒု-ရဲမှူးကြီး ဝင်းစိန်က မဇ္ဈိမကိုပြောသည်။

Gold-Ponglog

တောင်စောင်းတောင်တွင် ရွှေအမြောက်အမြားထွက်သည်ဟု သတင်းထွက်ပေါ်ပြီး ကျည်တောင်ကျေးရွာ အုပ်စုရှိ ကျေးရွာရှစ်ရွာမှ ဒေသခံများသွားရောက် တူးဖော်ခဲ့ကြသည်။ ယခု အရေးယူခံရသူများသည် ကျည်တောင်အုပ်စု တောမကျေးရွာမှ အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီးငါးဦး ဖြစ်သည်။

ကျည်တောင်အုပ်ရပ်ကွက် အုပ်ချုပ်ရေးရုံးရှိ ရာအိမ်မှူး ဦးဝင်းမြင့်က “ဒီကနေ့ လေးဦး တောင်ပေါ်မှာ အဖမ်း ခံထားရတယ် လို့တော့ပြောတယ်။ ရုံးကိုတော့ ရောက်မလာသေးဘူး။ အရင်ရက်တွေကလည်း အရေးယူခံရ တာတွေရှိတယ်။ အတိအကျ တော့မသိဘူး” ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါတောင်မှာ အမြောက်တပ်နှင့် နီးစပ်ပြီး အထက်ပေါင်းလောင်းဆည်၊ ရေလှောင်တမံနှင့်လည်းနီးကပ် သည့်အတွက် ရွှေမတူးကြစေရန် စက်တင်ဘာလ ၂၇ ရက်က ပုဒ်မ ၁၄၄ ထုတ်ပြန်၍ တားမြစ်ခဲ့ ခြင်းဖြစ် သည်။

ယင်းတောင်၌ အနက် ၁၃ တောင်ဝန်းကျင် တူးဖော်လျှင် ရွှေထွက်ရှိသော ကျောက်ကြောများကို တွေ့ရှိရသည်ဟု တူးဖော်သူများကဆိုသည်။ အဆိုပါတောင်ကို မည်သည့်ဝန်ကြီးဌာနကမှ ပိုင်ဆိုင်ခြင်း မရှိဘဲ အစိုးရပိုင်မြေအဖြစ် တည်ရှိသည်။

လက်ရှိတွင် တောင်ပေါ်တက်သည့် လမ်းများနှင့် တောင်ပေါ်တွင် လုံခြံုရေး ဝန်ထမ်းများ စောင့်ကြပ်လျက်ရှိ သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးရုံးထံမှသိရသည်။

Most read this week