Eleven Media Group ကို ဥပဒေကြောင်းအရ အရေးယူရန် စတင် ဆောင်ရွက်ပြီဟု ဦးရဲထွဋ်ပြော

Eleven Media Group ကို ဥပဒေကြောင်းအရ အရေးယူရန် စတင် ဆောင်ရွက်ပြီဟု ဦးရဲထွဋ်ပြော
by -
မဇ္စျိမ

Eleven Media Group ကို ပြန်ကြားရေးဝန်ကြီးဌာနမှ ဥပဒေကြောင်းအရ အရေးယူရန် ဆောင်ရွက်နေပြီဟု ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က မဇ္စျိမကို အတည်ပြု ပြောကြားသည်။

“တရားဥပဒေရဲ့ လုပ်ထုံးလုပ်နည်း အရ လုပ်ရတဲ့ အဆင့်တွေ ရှိပါတယ်။ အဲ့ဒီအဆင့်ကို စတင်ဆောင်ရွက်နေပြီ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က ဒီကြေညာချက်ကို ထုတ်ပြန်တာပါ”ဟု ၎င်းက ပြောသည်။

Eleven Media Group ၏ သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက “နိုင်ငံပိုင်သတင်းစာမှာ ကြေငြာပေမယ့် ကျွန်တော်တို့ဆီကို တရားရုံးကနေ တရားဝင်အကြောင်းကြားစာ မရောက်သေးပါဘူး။ ကျွန်တော်တို့ ရေးသားခဲ့တဲ့ အကြောင်းအရာတွေကို ပြန်လည်ရှင်းလင်းမှု မရှိဘဲနဲ့ သူတို့မှန်တယ်။ ငါတို့ မှားတယ်ဆိုပြီး စာနယ်ဇင်းကောင်စီကနေ တစ်ဆင့် တောင်းပန်ခိုင်းတယ်။ မှန်ကန်တဲ့ အချက်အလက်တွေက ဘယ်လိုဆိုတာ မရှင်းလင်းဘဲ ကောင်စီကနေ တောင်းပန်ခိုင်းတဲ့အတွက် မတောင်းပန်တာပါ”ဟု မဇ္စျိမကို ပြောသည်။

U-Ye-Htut-2

Weekly Eleven News ဂျာနယ်တွင် ဖော်ပြသည့် သတင်းနှင့်ပတ်သတ်၍ တိကျသည့် ပြန်လည်ဖြေရှင်းမှု မရှိဘဲ တရားစွဲဆိုမည်ဆိုပါက တရားမျှတမှု မရှိဟု ၎င်းက ဆိုသည်။

Eleven Media Group ထုတ်ဝေသည့် The Daily Eleven သတင်းစာနှင့် Weekly Eleven News အပါတ်စဉ် ဂျာနယ်ပါ အကြောင်းအရာများသည် ပြန်ကြားရေးဝန်ကြီးဌာနမှ ၀န်ထမ်းများ၏ ဂုဏ်သိက္ခာညှိုနွမ်းစေခြင်း၊ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း၊ပြည်ပ ပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေး ကော်မတီ၏ ဂုဏ်သိက္ခာညှိုးနွမ်းစေသဖြင့် ဥပဒေကြောင်းအရ အရေးယူရန် စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်းကိုလည်း အောက်တိုဘာ ၁ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်တွင်း၊ ပြည်ပ ပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီက အချက်သုံးချက်ပါ ထုတ်ပြန်ချက်ကို ထုတ်ပြန်ထားသည်။

ဇွန်လ ၂ရက် ရက်စွဲဖြင့် Eleven Media Group ကထုတ်ဝေသည့် Weekly Eleven News  ဂျာနယ်တွင် “အများပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေက နိုင်ငံပိုင်မီဒီယာများကို သွယ်ဝိုက်သောအားဖြင့် ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားပြုလုပ်ရန် ခွင့်ပြုနေသလား” ခေါင်းစဉ်ဖြင့် သတင်းဆောင်းပါး ဖော်ပြခဲ့ခြင်းနှင့် ဇွန်လ ရရက်ထုတ် The Daily Eleven သတင်းစာတွင် ထပ်မံဖော်ပြခဲ့ခြင်းတို့ကြောင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) နှင့် နှစ်ကြိမ်တိုင်

ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း၊ ဆွေးနွေး ညှိနှိုင်းမှုများကို အကြောင်းပြန်ကြားခြင်းမရှိခြင်း၊ ဆောင်းပါးရေးသားမှုနှင့် ပတ်သက်၍ ညှိနှိုင်းဖိတ်ခေါ်ခြင်းနှင့် စာပို့အကြောင်းကြားခြင်းများ ထပ်မံမပြုလုပ်ရန် မေတ္တာရပ်ခံကြောင်း Eleven Media Group ၏ ပြန်ကြားခဲ့ကြောင်း၊ စာနယ်ဇင်းကောင်စီ၏ ဖြေရှင်းမှုကို Eleven Media Group က လက်မံခြင်းမရှိ သည့်အပြင် ဆင့်ကဲဆင့်ကဲ စွပ်စွဲရေးသားဖော်ပြမှုများပြုမူဆောင်ရွက်လာကြောင်း ဖော်ပြထား သည်။

Most read this week