နိုင်ငံသားစိစစ်မခံသည့် ဘင်္ဂါလီအရေး ရခိုင်လူထုနှင့် ပြည်နယ်အစိုးရညှိမည်

နိုင်ငံသားစိစစ်မခံသည့် ဘင်္ဂါလီအရေး ရခိုင်လူထုနှင့် ပြည်နယ်အစိုးရညှိမည်
by -
မဇ္စျိမ

ရခိုင်ပြည်နယ်အတွင်း ၁၉၈၂ ခု နိုင်ငံသား ဥပဒေအရ စိစစ်မှုခံယူခြင်းမရှိသည့် ဘင်္ဂါလီများနှင့် သက်ဆိုင်သည့် မူဝါဒချမှတ်နိုင်ရန် ဒေသခံတိုင်းရင်းသားတို့နှင့် ညှိနှိုင်းဆောင်ရွက်မည်ဟု ပြည်နယ်အစိုးရ၊ ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှသိန်းက စက်တင်ဘာ ၃၀ တွင် မဇ္ဈိမကို ပြောသည်။

ဘင်္ဂါလီအချို့က ရိုဟင်ဂျာဟု စာရင်းမသွင်း၍ဟုဆိုကာ နိုင်ငံသားစိစစ်မခံခြင်း၊ ကောက်ယူပြီးသည့် ပြည် လုံးကျွတ် သန်းခေါင်းစာရင်းတွင် စာရင်းမပေးခြင်းစသည့် ပျက်ကွက်မှုတို့ ရှိနေချိန်လည်း ဖြစ်သည်။

Kaman-1

ဦးလှသိန်းက ပြည်နယ်အစိုးရက နိုင်ငံသားစိစစ်ပြီး ဘင်္ဂါလီများကို ဥပဒေအရ မူလနေရပ်များတွင် ပြန် လည်နေထိုင်ခွင့်ပြုသွားမည်ဟု ဆိုသည်။ စိစစ်မှု လက်မခံသူများကိုမူ ထိန်းသိမ်းရေးစခန်းများတွင် ဆက် လက်ထားရှိရန် စီစဉ်ထားသည်ဟု ၎င်းက ပြောသည်။

“ဥပဒေနဲ့ ကိုက်ညီတဲ့သူတွေကို စခန်းတွေထဲက ဖယ်မယ်၊ ပြီးရင် နေရပ်ပြန်ထည့်မယ်ဆိုပေမယ့် ချက်ချင်း မရသေးဘူး။ အဲဒါကို ဖြည်းဖြည်းချင်းလုပ်သွားမှာ။ ချက်ချင်းဆိုရင်တော့ ပဋိပက္ခက ပြန်ဖြစ်နိုင်တယ်” ဟု ရခိုင်ပြည်နယ် ဥပဒေအရာရှိချုပ်လည်းဖြစ်သူ ဦးလှသိန်းက ဆိုသည်။

ထို့နောက်တွင်မှ နောက်ဆက်တွဲ အစီအစဉ်များကို ရခိုင်တိုင်းရင်းသားတို့နှင့် ဆွေးနွေးဖော်ဆောင်ရန် ပြည်နယ်အစိုးရက စီစဉ်မည်ဖြစ်သော်လည်း အချိန်ကာလကိုမူ မခန့်မှန်းနိုင်သေးဟု ဆိုသည်။

မောင်တောမြို့နယ်နေ အစ္စလာမ် ဘာသာဝင် ဦးညီညီစိုးက အချို့သော နိုင်ငံသားစိစစ်မှုများသည် လက်ခံနိုင်ရန် မရှိဟုဆိုသည်။

“ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဆီမှာ ၁၉၈၉ ကတည်းက လုပ်ထားတဲ့ နိုင်ကတ်တွေ တချို့တွေက သုံး ခေါက်ချိုးကတ်တွေ ကိုင်ထားကြတာပါ” ဟု ပြောသည်။

ရခိုင်တိုင်းရင်းသားတို့ကမူ အထောက်အထားမရှိသည့် ဘင်္ဂါလီများကို တတိယ နိုင်ငံသို့ စေလွှတ်ခြင်း၊ အခြား ပြည်နယ်တိုင်းများသို့ ခွဲဝေထိန်းသိမ်းစေခြင်း နည်းလမ်းများသုံးရန် သြဂုတ်လအတွင်း သမ္မတထံ တောင်းဆိုထားသည်။

“အစိုးရဆီမှာ ဘယ်လိုအစီအစဉ် ရှိလဲဆိုတာကို ကျွန်တော်တို့ အတိအကျ ဘာမှမသိရပါဘူး” ဟု ရခိုင် ပြည်နယ် အရေးပေါ်ညှိနှိုင်းရေး ဗဟိုအဖွဲ့ (အီးစီစီ) အဖွဲ့ဝင် ဦးသာပွင့်က ဆိုသည်။

ပဋိပက္ခများဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီ ၁ ဒသမ ၀၉ သန်းအထိ ရှိပြီး ယင်းတို့အနက် မြေပုံတောင် ပေါ်ဒုက္ခသည်စခန်းရှိ ၃,၀၁၀ ဦးကိုသာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့် စိစစ်နိုင်သေးသည် ။ စိစစ်မှုအရ နိုင်ငံသားပြုခွင့်ရှိသူ ၁၆၉ ဦးနှင့် နိုင်ငံသားဖြစ်ခွင့်ရှိသူ ၄၀ ဦးတို့ ကို ဗဟိုအဆင့် ခွင့်ပြုပေး ထားသည်။