ကရင် ငြိမ်းချမ်းရေးကောင်စီမှ ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါးနှင့်အဖွဲ့ DKBA သို့ပြောင်း

ကရင် ငြိမ်းချမ်းရေးကောင်စီမှ ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါးနှင့်အဖွဲ့ DKBA သို့ပြောင်း
by -
မဇ္စျိမ

ကေအင်န်ယူ/ကေအင်န်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA Peace Council) မှ နယ်စပ် လုံခြုံရေးနှင့် ဖွံ့ဖြိုးရေး (အထူး) ဗျူဟာ၊ ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါးနှင့်အဖွဲ့သည် အဖွဲ့မှ နုတ်ထွက်၍ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့သို့ ပြောင်းလဲဝင်ရောက်သွားသည်ဟု ၎င်း၏ ကိုယ် ရေးအရာရှိ ဒု-ဗိုလ် စောဆေးဝါးက စက်တင်ဘာ ၂၈ ရက်က မဇ္ဈိမက အတည်ပြုပြောဆိုသည်။

ဗိုလ်မှူးကြီးတိုက်ဂါးနှင့် အဖွဲ့သည် လွန်ခဲ့သော တစ်လခန့်ကပင် DKBA မှ ခေါင်းဆောင်များနှင့်ညှိနှိုင်း၍ အဖွဲ့သို့ ဝင်ရောက်ရန် ကိုယ်ရေးအကျဉ်း အချက်အလက်များ ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

DKBA-Tiger

ဒု-ဗိုလ်စောဆေးဝါးက “ဗျူဟာမှူး လုပ်သမျှကို အားလုံးက အပြစ်မြင်နေကြတယ်။ ပြောင်းဖို့ကို ကြိုလုပ်ထား ခဲ့ပေမယ့် အခြေအနေကို စောင့်ကြည့်နေရင်းနဲ့ ခုတော့ ဒီနေ့တရားဝင် ပြောင်းပစ်လိုက်တာပါ PC နဲ့ လုံးဝ သက်ဆိုင်ခြင်း မရှိတော့ပါဘူး” ဟု ပြောသည်။

ဗျူဟာမှူး ဗိုလ်မှူးကြီးတိုက်ဂါး၏ နုတ်ထွက်မှုနှင့် ပတ်သက်၍ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ထော့ ကော်ကိုးရှိ ကရင်ငြိမ်းချမ်းရေး ကောင်စီဌာချုပ်သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဘားအံမြို့ရှိ ကရင် ငြိမ်းချမ်းရေးကောင်စီ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးကြီး ဦးအောင်ချစ်ကမူ ၎င်း၏နုတ်ထွက်မှုကို ဌာနချုပ် မှ စာဖြင့် ထုတ်ပြန်ထားခြင်းမရှိသေးဟု ဆိုသည်။

ယင်းအတူ DKBA အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကလည်း ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါးဝင်ရောက် လာခြင်း ကို ကြားသိရကြောင်း ပြောသော်လည်း မြဝတီမြို့ DKBA ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး စောမိုးမြင့် နှင့် ဗျူဟာမှူး စောဆန်းအောင်တို့ထံ ဆက်သွယ်၍ မရခဲ့ပေ။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) မှ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး နိုင်မောင်ဇော်က “ဗိုလ်တိုက်ဂါးနဲ့ လူတွေ DKBA ဘက်ကို ဝင်သွားပြီးတော့ ဘက်တံဆိပ်တွေ ပြောင်းတပ် လိုက်တယ်လို့ ကြားရတယ်” ဟု ပြောခဲ့သည်။

Most read this week