ဦးသိန်းစိန် သမ္မတဆက်လုပ်ဖို့ မန္တလေးတွင် ဆန္ဒပြ

ဦးသိန်းစိန် သမ္မတဆက်လုပ်ဖို့ မန္တလေးတွင် ဆန္ဒပြ
by -
မဇ္စျိမ

သမ္မတ ဦးသိန်းစိန်ကို ထောက်ခံကြောင်းနှင့် နောက်ထပ်သက်တမ်းတစ်ခု သမ္မတဆက်လုပ်ရန် မန္တလေးမြို့ လူထုဟစ်တိုင်၌  အင်အား ၁၀၀ ခန့်ဖြင့် စက်တင်ဘာ ၂၄ ရက်က ဆန္ဒဖော်ထုတ်ခဲ့သည်။

"ကျွန်တော်တို့ ဒီနေ့ဆန္ဒဖေါ်ထုတ်တာက သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာကို ထောက်ခံတာပါ။ အဲလိုတွေ လုပ်နေတဲ့အတွက် နောက်သမ္မတ သက်တမ်းမှာ ထပ်လုပ်ဖို့ထောက်ခံတာပါ။ သမ္မတကို ထောက်ခံဆန္ဒပြပွဲတွေ ဆက်တိုက်လုပ်သွားမယ်" ဟု ဦးဆောင်သူ ဦးအောင်ကိုဝင်းက မဇ္ဈိမ ကို ပြောသည်။

Mandalay-Demonstration

ထိုသို့ထောက်ခံဆန္ဒပြပွဲ တရားဝင်လုပ်ခွင့်ရရန် မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ တရားဝင်စာတင်ပြီး လုပ်ခြင်းဖြစ်သည်။

ဆန္ဒထုတ်ပေါ်ပွဲတွင် ပါဝင်သူ မအေးနန္ဒာက "ဆန္ဒပြမယ်လိုက်မှာလားလို့ သူငယ်ချင်းခေါ်လို့ လိုက်လာတာပါ။ ကျွန်မအမြင်ကတော့ သမ္မတကြီးအနေနဲ့ အမှန်တကယ်ပြုပြင်မှုတွေ လုပ်ပေးနေတယ် ဆိုပေမယ့်လည်း အောက်ခြေအဆင့်ထိကတော့ ရာနှုန်းပြည့်မဖြစ်သေးပါဘူး။ ဒါပေမယ့် အတိုင်းအတာတစ်ခုထိတော့ လုပ်နေတယ်။ဒါလေးကိုလာပြီး ထောက်ခံတယ်ပြော ရမှာပေါ့" ဟု မဇ္ဈိမ ကိုပြောသည်။

ဆန္ဒပြသူများသည် "အဂတိလိုက်စားမှုပပျောက်အောင် ဆောင်ရွက်နေတာ သမ္မတကြီး ဦးသိန်းစိန်"  "တရားရေးမဏ္ဍိုင် တည့်မတ်အောင် ဆောင်ရွက်နေတာ သမ္မတဦးသိန်းစိန်" အစရှိသည့် ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့သည်။

မန္တလေးမြို့တွင် သမ္မတ ဦးသိန်းစိန် ဒုတိယအကြိမ်သမ္မတ ထပ်မံမလုပ်ရန် ယခုလအတွင်းကပင် ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု ( ၂၀၀၇ ကုန်စျေးနှုန်းကျဆင်းရေးအဖွဲ့) MDCF မှ ဦးဆောင်၍ ဆန္ဒပြထားသေးသည်။

Most read this week