ဧရာဝတီမြစ်တွင်းရှိ ကျွန်းတစ်ကျွန်းပေါ်တွင် မြို့သစ်စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်နိုင် ရေးအတွက် တင်ပြထားရာ ခွင့်ပြုချက်ပေးလိုက်ပါက မန္တလေးမြို့အတွက် ထိခိုက်မှုများ ကြုံတွေ့လာနိုင်သည်ဟု စိမ်းရောင် စိုအဖွဲ့ မူဝါဒဆိုင်ရာအကြံပေး ဦးတင်သစ်က မဇ္ဈိမကိုပြော ကြားသည်။
“ဧရာဝတီမြစ်တွင်း မန္တလေးမြို့နဲ့နီးတဲ့နေရာမှာ မန္တလေးမြို့သစ်စီမံကိန်း စတင်မယ်လို့ ကြားသိရပါတယ်။ စစ်ကိုင်းဘက် ကမြေမာတဲ့အတွက် ရေတွေက အဲဒီဘက်မသွားဘဲ မန္တလေးမြို့ဘက်ကိုရောက်လာပြီး ရေကြီးရေလျှံမှုတွေဖြစ်လာနိုင်တယ်” ဟု ဦးတင်သစ်ကပြောသည်။
အဆိုပါ မြို့သစ်စီမံကိန်းပြုလုပ်ရန် တင်ပြထားသည့်နေရာမှာ ရွာကိုးရွာရှိပြီး ၎င်းရွာများမှ စိုက်ပျိုးသီးနှံ အများဆုံးထွက်ရှိ၍ မန္တလေးမြို့ကို များစွာအကျိုးပြုသော ရွာများဖြစ်ကြောင်း၊ ယင်းရွာတွင် နေထိုင်သူ များလည်း ဖယ်ရှားရမည်ဖြစ်သောကြောင့် ဒုက္ခများနှင့် ရင်ဆိုင်ကြုံ တွေ့နိုင်ကြောင်း ၎င်းကပြောသည်။
“အဲဒီနေရာတွေမှာ မြို့သစ်စီမံကိန်း လုပ်မယ်။ ရေလျှံမှုမဖြစ်စေအောင် မြစ်ကို နက်အောင်တူးပေးမယ် လို့ပြောလာနိုင်ပါတယ် ” ဟု စိမ်းရောင်စိုအဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါစီမံကိန်း ဖော်ဆောင်ရေးအတွက် ဂရိတ်ဝေါဆောက်လုပ်ရေးကုမ္ပဏီက တိုင်းအစိုးရထံ တင်ပြထား ကြောင်းဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရေအရင်း အမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိးတိုးတက်ရေး ဦးစီးဌာန ကသိရှိခြင်း မရှိကြောင်း၊ မြေယာ ကိစ္စဖြစ်၍ မြေယာဥပဒေနှင့်အညီ ဆောင်ရွက်သွားနိုင် မည်ဖြစ်ကြောင်းကို ပြန်လည် ဖြေကြားခဲ့သည်။