ဆရာတော် ဦးဥတ္တမပုံတော် ကိုင်ဆောင်၍ နိုင်ကျဉ်းရုံးထိ လမ်းလျှောက်

ဆရာတော် ဦးဥတ္တမပုံတော် ကိုင်ဆောင်၍ နိုင်ကျဉ်းရုံးထိ လမ်းလျှောက်
by -
မဇ္စျိမ

ပျံလွန်တော် မူသည်မှာ ရ၅ နှစ်ပြည့်ပြီ ဖြစ်သော ဆရာတော် ဦးဥတ္တမပုံတော်ကို ကိုင်ဆောင်၍  ဆရာတော် ဦးရက္ခဝံသက စက်တင်ဘာ ၈ ရက်တွင် တစ်ကိုယ်တော် လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့သည်။

ဆရာတော်ဦးရက္ခဝံသက ဆရာတော် ဦးဥတ္တမကို နိုင်ငံရေးအကျဉ်းသား အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုပြီး ပုံတော်ကိုင်၍ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

ဆရာတော် ဦးရက္ခဝံသသည် ရန်ကုန်မြို့၊ ကျောက်တံတား မြို့နယ်၊ မဟာဗန္ဓုလပန်းခြံရှေ့မှ စတင်ပြီး တာမွေမြို့နယ်၊ ၁၅၄လမ်း ရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများရုံးသို့ ဆရာတော်ဦးဥတ္တမပုံတော်ကို ကိုင်ဆောင်ကာ လမ်းလျှောက်ခဲ့ပြီး ယင်းပုံတော်ကို သွားရောက်အပ်နှံခဲ့ခြင်း ဖြစ်သည်။

ဆရာတော် ဦးရက္ခဝံသ၏ ပြန်ကြားရေး တာဝန်ခံဖြစ်သူ ဒီမိုကရေစီအင်အားစုမှ ဦးသန်းရွှေက “မြန်မာနိုင်ငံမှာ ပထမဆုံးနိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့တဲ့ ဆရာတော်ဦးဥတ္တမကို အသိအမှတ်ပြုတဲ့ အနေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများရုံးမှာ ဆရာတော်ဓာတ်ပုံကို သွားရောက်ပို့တာဖြစ်တယ်” ဟု ပြောသည်။

ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူခဲ့သော ရ၅ နှစ်ပြည့် အခမ်းအနားကို စက်တင်ဘာ ၉ရက်တွင် ရန်ကုန်မြို့ MCC ခန်းမတွင် ပြုလုပ်သွားမည် ဖြစ်သည်။

ဆရာတော် ဦးရက္ခဝံသသည် အကျဉ်းထောင်များ အတွင်းရှိ နိုင်/ကျဉ်းဟောင်းများ လွတ်မြောက်ရန် အတွက် မန္တလေးမြို့မှ ရခိုင်ပြည်နယ် အထိ လမ်းလျှောက် ဆန္ဒပြခဲ့သေးသည်။

Most read this week