ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA- ဂျိုက်ကာ)က အဆိုပြုထားသည့် ကရင် နှင့် မွန်ပြည်နယ်အတွင်းရှိ ဖွ့ံဖြိုးရေးစီမံကိန်းများ သည် အားနည်းချက်များရှိခြင်းကြောင့် ကရင်တိုင်းရင်း သားအဖွဲ့အစည်းပေါင်း ၃၀ နီးပါး ပါ၀င်သည့် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) က ကရင်အမျိုးသားအစည်းအရုံး ( KNU) နှင့် ပူးပေါင်းကန့်ကွက်သွားမည်ဟု ကရင်ရေးရာကော်မတီအတွင်း ရေးမှူး စောကျော်စွာက ပြောသည်။
ဂျိုက်ကာက ရေးဆွဲထားသောအဆိုပါ မြန်မာနိုင်ငံတောင်ပိုင်းဒေသဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းစဉ် သည်ငြိမ်းချမ်း ရေးကိုအထောက်အကူပြုမည့်အစားပဋိပက္ခကို အားပေးရာရောက်မည်ဟုKPSNအစီရင်ခံစာအရတွေ့ရှိထား သဖြင့်ရပ်ဆိုင်းပေးရန်ထုတ်ပြန်တောင်းဆိုထားရာ တောင်းဆိုမှုများထူးခြားမှုမရှိပါကKNU နှင့် ချိတ်ဆက်ကာပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။
ကရင်ရေးရာ ကော်မတီ အတွင်းရေးမှူး စောကျော်စွာက “ကေအင်န်ယူပေါ်လစီနဲ့ KPSN က သဘောထား တစ်ထပ် တည်းရှိတယ်။ ဒီစီမံကိန်းနဲ့ ပက်သက်ပြီး ဒု-ဥက္ကဋ္ဌ နော်စီဖိုးရာစိန်နဲ့လည်း ဆွေးနွေးခဲ့ပါတယ်။ ပြည်သူအကျိုးမပါ၀င်ဘဲ ထိခိုက်နစ်နာမှုပဲဖြစ်ပေါ်လာနိုင်လို့ပါ”ဟုပြောသည်။
ဂျိုက်ကာ၏ မြန်မာနိုင်ငံတောင်ပိုင်းဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်သစ်တွင်ပါ၀င်သည့် ရေကာတာများကဏ္ဍ တွင်လုပ်ဆောင်မည့် မက်ဂသတ်မြစ်ဝှမ်းရေကာတာ သည်KNU၏သတ်မှတ်ထားသော ဘေးမဲ့တောတစ်ခုကို ရေးလွှမ်းမိုးနိုင်ခြင်း၊ဒုက္ခသည်များ ပြန်လည်နေရာချထားပေးရာတွင်ဝင်ရောက်လာမည့် ပြည်ပ ရောက် ရွှေ့ပြောင်း နေထိုင်သူများနှင့်လက်ရှိနေထိုင်သူ ဒေသခံများအကြားပဋိက္ခများဖြစ်ပေါ်စေ နိုင်ခြင်း၊ မြေဧကသောင်းချီကာအကောင်ထည်ဖော်မည့် ရော်ဘာ စိုက်ပျိုးခြင်း လုပ်ငန်းကြောင့်လည်း ကရင်ပြည်သူ လူထု၏ သဘော ဆန္ဒမပါဘဲ မြေယာများဆုံး ရှုံးနိုင်ခြင်း၊ ရေကာတာ များကြောင့် အပစ်အခတ်ရပ်စဲရေးလုပ် ငန်းကို ထိခိုက်နိုင်ခြင်းများဖြစ် ပေါ်စေနိုင်ခြင်းစ သည့်အချက်များကြောင့် အဆိုပါစီမံကိန်းလုပ်ငန်းစဉ်သစ် ကို KPSN ကကန့်ကွက် ထားခြင်းဖြစ်သည်ဟုယင်း အဖွဲ့ကထုတ်ပြန်သည့် ဆန်းစစ်ဝေဖန်မှုတွင်ထည့် သွင်းဖော်ပြထားသည်။
ကရင်ကွန်ရက်များနှင့်ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများနှင့်ပတ်သက်ပြီးKNUဗဟိုကော်မတီဝင်ပဒိုမန်းငြိမ်းမောင်က“စီမံကိန်းနဲ့ပက်သက်ပြီး ဒေသခံတွေ ကပူးပေါင်းဖို့ KNU ကို ကမ်းလှမ်းလာမယ်ဆို ရင် ကျွန်တော်တို့ဘက်ကလက်ခံမှာပါ။ကရင်ပြည်သူလူထုကိုကိုယ်စားပြုထားတာဖြစ်တဲ့အတွက်KNUကပူးပေါင်း ပါ၀င်မှာပါ။ စီမံကိန်းတစ်ခုစတင်မယ်ဆိုရင် ဒေသတွင်းက အရပ်ဘက်အဖွဲ့စည်းတွေ ဒေသခံ တွေကိုအရင် အသိပေးပြီးမှ လုပ်သင့်ပါတယ်”ဟု ပြောသည်။
ဂျိုက်ကာ၏ စီမံကိန်းသစ်သည် ကရင်ပြည်သူများနှင့် ကရင်အရပ်ဘက်အဖွဲ့အစည်းများကို အသိပေးထား ခြင်းမရှိဟုလည်း ကွန်ရက်ဝင်များကဆိုသည်။ကရင် အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်၏ ဒါရိုက်တာ နော်စူဆန် နာလှလှစိုးက “ဂျိုက်ကာ ကလုပ်တဲ့ စီမံကိန်း သစ်ကြောင့် လှိုင်းဘွဲ့နဲ့ ရှမ်းရွာ သစ်မှာရော် ဘာ သောင်းချီစိုက်ပျိုးတဲ့အခါ ကရင်ပြည်နယ်မှာ မြေယာရှုပ်ထွေးမှုဖြစ်လာမှာ ပြည်သူတွေက စိုးရိမ်နေပါတယ်” ဟုပြောသည်။
စီမံကိန်း အကြံပေးဦး စိန်ကျော်လှိုင်က “ဒီစီမံကိန်းက ပြည်နယ်အ စိုးရကလည်း ခွင့်ပြုပြီးပြီ။ ဆက်လုပ်မှာပါ” ဟု ဆိုသည်။၎င်းတို့က ၂၀၁၃ ခုနှစ်အတွင်းကပင် လက်နက်ကိုင် အဖွဲ့အစည်းများ၊ အခြားအရပ်ဘက်အဖွဲ့ အစည်းများနှင့်လည်း တွေ့ဆုံပြီးပြီ ဟုဆိုသည်။ တောင်းဆိုမှု ကိုမလိုက်လျောပါက ကရင်ပြည်နယ် အစိုး ရအဖွဲ့၊ ဂျိုက်ကာတို့နှင့် တွေ့ဆုံကာတားဆီးသွားမည်ဖြစ်သည်ဟု ကွန်ရက်ဝင်များကဆိုုသည်။