ကချင်စစ်ဘေးရှောင်များကို ရိက္ခာလျှော့ရန်စီစဉ်မှု အကူအညီပေးအဖွဲ့များမလိုလား

ကချင်စစ်ဘေးရှောင်များကို ရိက္ခာလျှော့ရန်စီစဉ်မှု အကူအညီပေးအဖွဲ့များမလိုလား
by -
မဇ္စျိမ

ကချင်ပြည်နယ်မှ စစ်ရှောင် ဒုက္ခသည်များကို ၂၀၁၅ခုနှစ်မှ စတင်၍ အကန့်အသတ်ဖြင့် ရိက္ခာထောက်ပံ့ ပေးမည့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ် ရိက္ခာ အစီအစဉ် (WFP)နှင့် အိုင်ယာလန်အခြေစိုက် နိုင်ငံတကာအကူ အညီပေးရေးအဖွဲ့ (Trocaire)တို့၏ အစီအစဉ်များကို ငြင်းဆန်ထားသည်ဟု ကချင်ဒေသခံ ကရုဏာမြန်မာ လူမှုအဖွဲ့အစည်း KMSS ၏အရေးပေါ်တုံ့ပြန်မှုအစီအစဉ်ညှိနှိုင်းရေးမှူး Ms Rose Marry ကပြော သည်။

အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA)တို့ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သော ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိသုံးနှစ်အကျော်ကြာကာ လတွင် ဆန်နှင့်လိုအပ်သောရိက္ခာများကို WFP နှင့်Trocaire အဖွဲ့တို့က ကချင်ပြည်နယ်ရှိ KMSS နှင့် အဓိကပူးပေါင်း၍ ဒုက္ခသည်များကို ပံ့ပိုးကူညီနေ ခြင်းဖြစ်သည်။

ဒုက္ခသည်များကို ကူညီရာတွင် WFP မူများအရသုံးနှစ်ကျော်လွန်ပြီးပါက ဒုက္ခသည်များ၏ ပိုင်ဆိုင်မှုများကို ဆန်းစစ်၍ အတန်းစားသတ်မှတ်ကာရိက္ခာထောက် ပံ့ခြင်းကို နိုင်ငံတကာတွင် ပြုလုပ်လေ့ရှိသော်လည်း မြန်မာနိုင်ငံတွင်မူ နိုင်ငံရေးတည်ငြိမ်မှုမရှိသေးခြင်းကြောင့် ယင်းမူကဲ့သို့လုပ်ဆောင်ရန် မည်သို့မှမဖြစ်နိုင် ကြောင်းငြင်းဆန်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

WFP သည်ကချင်ပြည်နယ်တွင် ဒုက္ခသည် ၅၅,၀၀၀ ခန့်ကို ထောက်ပံ့မှုများပေးနေပြီး အခြေခံရိက္ခာအဖြစ် လူတစ်ဦးကိုတစ်လလျှင် ဆန်ခြောက်ပြည်၊ ပဲတစ်ပြည်၊ ဆီတစ်ဘူး၊ ဆားတစ်ထုပ်နှင့် ဟင်းဖိုးအဖြစ် ငွေ ၆,၀၀၀ ကို သတ်မှတ်ပေးထားသည်။

ရိက္ခာလျှော့ချမှုအစီအစဉ်မစတင်မီကလည်း WFP က ဒုက္ခသည်များကို ရိက္ခာပေးအစားကို ငွေကြေးပေးစ နစ်အဖြစ်ပြောင်းလဲရန် ဇွန် ၄ရက် စတင်စဉ်က လည်း ကချင်ဒေသခံအဖွဲ့အစည်းကိုးခုဖြင့် ဖွဲ့စည်းထား သော KMSS လည်းပါ၀င်သည့် Joint Strategy Team က သဘောမတူကြောင်းငြင်းဆန်ခဲ့သေး သည်။

Joint Strategy Team သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အစိုးရနှင့် ကချင်လွတ် မြောက် ရေးအဖွဲ့တို့ထိန်းချူပ်ရာနယ်မြေများရှိ ဒုက္ခသည် စခန်းပေါင်း ၁၄၈ ခုကို အကူအညီပေးနေခြင်း ဖြစ် ကာသုံးနှစ်တာတိုက်ပွဲများကြောင့် ရွာပေါင်း ၂၂၅ ရွာ ပျက်စီးခဲ့ပြီး ဒုက္ခသည် ၁၀၀,၀၀၀ ခန့်အထိ ရှိနေ ေြ ကာင်းအဖွဲ့၏စာရင်းများက ဖော်ပြထားသည်။

Most read this week