အလောင်းမင်းတရားပေးခဲ့သည့်ရွှေပေလွှာ မိတ္ထူ ကို မြန်မာသို့ ဂျာမနီပေးအပ်

အလောင်းမင်းတရားပေးခဲ့သည့်ရွှေပေလွှာ မိတ္ထူ ကို မြန်မာသို့ ဂျာမနီပေးအပ်
by -
မဇ္စျိမ

၁၇၅၆ ခုနှစ်က ဗြိတိန်အင်ပါယာ၏ ဂျော့ဘုရင်(၂)သို့ အလောင်းမင်းတရားကြီးက ပေးအပ်ခဲ့သည့် ရွှေပေ လွှာကို ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဂျာမနီနိုင် ငံ၊ စာကြည့်တိုက်တစ်ခုဖြစ်သော Gottfried Wilhelm Leibniz တို့က 3D ဒီဂျစ်တယ်နည်း ပညာဖြင့် မိတ္ထူ ကူးပြီးမြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် ထံ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး စတိုင်းလိုင်က ပေးအပ်လိုက်သည်။

မြန်မာနှင့် ဂျာမနီသံတမန်ဆက်ဆံရေးနှစ် ၆၀ အထိမ်းအမှတ်ပြပွဲတစ်ခုကို စက်တင်ဘာ ၃ ရက်က ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာနခန်းမဆောင်တွင်ကျင်းပပြု လုပ်ခဲ့သည့်အခမ်းအနားတွင် အဆိုပါရွှေပေလွှာ မိတ္ထူ ကိုပေးအပ်ခဲ့ခြင်းဖြစ်သည်။

597

စတိုင်းလိုင်က မြန်မာနှင့် ဂျာမနီနိုင်ငံတို့အကြား ၂၀၁၃ ခုနှစ်ကရေးထိုးခဲ့သည့် ယဉ်ကျေးမှု အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်သည်တိုး တက်အောင်မြင် နေကြောင်း၊ တက္ကသိုလ် များအကြား ပူးပေါင်းဆောင် ရွက်မှုသည်လည်း များပြားလာကာ ဂျာနယ်လစ်များ အပြန်အလှန် သွားရောက်မှုများ လည်း ရှိနေကြောင်း၊ Goethe-Institut  ၏ ရုံးခန်းကိုလည်း ရန်ကုန်မြို့တွင် မကြာမီဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဟန်နိုးဘာမြို့၊ ဂေါ့သ်ဖရီးဗီဟန်းလိုက်ဘနစ်စာကြည့်တိုက်တွင် သိမ်းဆည်းထားသည့် အဆိုပါရွှေပေလွှာ အား ဒီဂျစ်တယ်နည်းပညာဖြင့် ကူးထားသည့်မိတ္ထူ အားပေးအပ် လိုက်ခြင်းသည် နှစ်နိုင်ငံယဉ်ကျေးမှု ဆက် ဆံရေးအတွက် မျက်နှာစာသစ်ဖြစ်လာကြောင်း စတိုင်းလိုင်က ပြောကြားသည်။

အဆိုပါ ရွှေပေလွှာမိတ္ထူ ကို ရန်ကုန်မြို့တွင် ပထမဆုံးပြသပြီး နေပြည်တော်ရှိ အမျိုးသားပြတိုက်တွင် ထားရှိ သွားမည်ဖြစ်ကြောင်းသိရသည်။ ၊ (ရည်ညွှန်း- ဂျာမနီ နိုင်ငံခြားရေး ၀န်ကြီးဌာန)

Most read this week