ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများတွင် အကူအညီပေးရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ NGO များကို ဒုက္ခသည် စခန်းများ သာမက ဖွံ့ဖြိုးမှု အား နည်းသော ရခိုင်ကျေးရွာများကိုပါ အကူအညီပေးရေးလုပ်ငန်းများဆောင်ရွက်ပေးရန် ရခိုင် ပြည်နယ်ဝန်ကြီး ချုပ် ဦးမောင်မောင်အုန်း က တောင်းဆိုလိုက်သည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးခန်းတွင် NGO, INGO များနှင့် ပြည်နယ်အစိုးရတို့ စက်တင်ဘာ ၂ ရက်က တွေ့ဆုံပြီး ထိုသို ့တောင်းဆို လိုက်ခြင်းဖြစ်သည်။ “ဒုက္ခသည် စခန်းတွေ ထက် နေရေးစားရေး အဆင်မပြေ တဲ့ရွာတွေ စာသင်ကျောင်း၊ ဆေးပေး ခန်းတွေ မရှိတဲ့ ရွာတွေ အများကြီးရှိတယ်၊ ဒါတွေကိုလည်း အကူအညီ ပေးဖို့ ၀န်ကြီးချုပ် ကတောင်းဆို လိုက်တယ်”ဟု ယင်းတွေ့ဆုံ ပွဲကို တက်ရောက် ခဲ့သူ ပြည်နယ် ၀န်ကြီး ဦးလှ ဟန်က မဇ္ဈိမကို ပြောသည်။
ထို့ပြင် ပြည်နယ် အစိုးရသည် ဒေသခံများ အလုပ်အကိုင်ရ ရှိရေးနှင့် ဒေသခံများနှင့် အကူအ ညီပေးရေး အဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်နိုင်စေရန်၊ ၀န်ထမ်းများ ခန့်အပ်ရာတွင် ရခိုင်တိုင်းရင်းသားများကိုလည်း ခန့်အပ်ရန် တိုက်တွန်းခဲ့သည်ဟု ဆိုသည်။
“အကူအညီပေးရေး အဖွဲ့တွေထဲက ၀န်ထမ်းတွေက ရခိုင်တိုင်းရင်းသားတွေ မရှိသလောက် ဖြစ်နေတယ်။ ဒါကြောင့် ၀န်ထမ်းတွေ ခန့်အပ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ပြောတာ”ဟု ၎င်းကပြောသည်။
နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ များသည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဒုက္ခသည်စခန်းများတွင် အကူ အညီပေးရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ထိုသို့ အကူအညီပေးရေးလုပ်ကိုင်ရာတွင် ခွဲခြားဆက်ဆံမှု များရှိသည်ဆိုကာ ဒေသခံအချို့ က ဒေသမှထွက်ခွာသွားရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ် ကျေးရွာများတွင် အကူအညီပေးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရခိုင်တွင် အဓိကကူညီမှုများ ပြုလုပ်နေသော မြန်မာနိုင်ငံဆိုင်ရာ UN အဖွဲ့အစည်းများ ကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ် မရခဲ့ချေ။
ထို့နောက် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအစီအစဉ်အရ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရက နိုင်ငံတကာ အကူအညီ ပေးရေးအဖွဲ့များကို ပြန်လည်ဖိတ်ခေါ်ခဲ့ပြီး အကူအညီပေးရေးလုပ်ငန်းများဆောင် ရွက်နေခြင်း ဖြစ်သည်။