ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို ့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် အချိုးကျရွေး ကောက်ပွဲစနစ် ပီအာရ် (PR)ကို အလိုမရှိကြောင်း ဒေးဒရဲမြို့မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သူ ဦးမောင်မောင်မြင့်က သြဂုတ်လ ၂၈ ရက်၊ နံနက် ၈နာရီက မြို့တွင်း လှည့်လည်ကာ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။
"ဖွဲ ့စည်းပုံကို အစိုးရအနေနဲ ့ပြင်ချင်တယ်လို့ မယူဆရဘူး။ သူ့အာဏာတည်မြဲရေးကို ကာကွယ်ပေးထားသလို ဖြစ်နေတယ်၊ ပြည်သူလိုလားတဲ့ အစိုးရအာဏာရစေချင်တယ်။ အခု သူတို ့လုပ်ထားပုံစံက အဟန့်အတားတစ်ခု ဖြစ်နေတယ်၊ စနစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို လျှောက်မယ်ဆိုရင် မှန်တဲ့ဘက်ကို အားပေးဖို့ စနစ်ကောင်းနဲ့နေ နိုင်ဖို ့အတွက် ဥပဒေပုဒ်မတွေကို သိစေချင်လို့ ဆန္ဒဖော်ထုတ်ရတာ ဖြစ်တယ်"ဟု ဦးမောင်မောင်မြင့်က မဇ္စျိမကို ပြောသည်။
ဆန္ဒထုတ်ဖော်ရာ၌ ဒေးဒရဲမြို့ အမှတ်(၁)ရပ်ကွက် လမ်းတော်လမ်း၊ ဗိုလ်ချုပ်လမ်း၊ ကမ်းနားလမ်းနှင့် မြို့ထဲလမ်းများသို့ လှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့ပြီး “ဒီမိုကရေစီစနစ်နှင့် မကိုက်ညီသော ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် အချိုးကျရွေးကောက်ပွဲဖြစ်သော PR စနစ် အလိုမရှိ”ဆိုသည့် ဆိုင်းဘုတ်အား ကိုင်ဆောင်ကာ ပထမဆုံးအကြိမ် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။
ယင်းသို့ ဆန္ဒထုတ်ဖော်ရန် ဒေးဒရဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သြဂုတ် ၂၆ရက်က တရားဝင် ခွင့်ပြုချက် ရထားခဲ့သည်။
သြဂုတ် ၂၉ရက်၌လည်း ဒေးဒရဲမြို့တွင် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး ကွန်ယက်မှ ဦးထွန်းထွန်းဦးက နိုင်ငံသားအခွင့်အရေး ဆုံးရှုံးနေမှုများနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်မည် ဖြစ်သည်။