ရခိုင်တွင် နိုင်ငံသားဖြစ်နိုင်ခြေ ရှိမရှိ လူတွေ့စစ်ဆေးမှု ၃၀၀ ကျော် ပြီးစီး

ရခိုင်တွင် နိုင်ငံသားဖြစ်နိုင်ခြေ ရှိမရှိ လူတွေ့စစ်ဆေးမှု ၃၀၀ ကျော် ပြီးစီး
by -
မဇ္စျိမ

ရခိုင်ပြည်နယ်၊ မြေပုံမြို့ ဘင်္ဂလီဒုက္ခသည်စခန်းတွင် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူများကို လူတွေ့စစ်ဆေး ခြင်း ပြုလုပ်လျက်ရှိရာ လူသုံးရာကျော်ကို လူတွေ့စစ်ဆေးမှု ပြီးစီးပြီဟု မြို့နယ်အဆင့်လူတွေ့စစ်ဆေးမှု ကော်မတီအဖွဲ့ဝင် ဦးမောင်ရေချမ်းက သြဂုတ် ၂၁ ရက်တွင် မဇ္ဈိမကို ပြောသည်။

ယင်းအနက် လူတွေ့စစ်ဆေးပြီးစီးသူ ၁၅၀ ကို ပြည်နယ်အဆင့် တင်ပို့ထားပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။

camp-in-rakhine

“တစ်ရက်ကို ၁၀ ယောက်ကျော်ပဲ ပြီးပါတယ်၊ သောကြာနေ့ဆို သူတို့ ဘုရားကျောင်းတက်တဲ့ကိစ္စရှိလို့ နေ့တစ်ဝက်ပဲ လုပ်ပါတယ်” ဟု ၎င်းက ပြောသည်။

စိစစ်ပြီးပါက ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်တင်ပြပြီး ကတ်ပြားကို ထုတ်ပေးမည်ဟု ဆိုသည်။

“စိစစ်ပြီး အထောက်အထားခိုင်လုံသူကို အသိအမှတ်ပြု ကတ်တစ်ခုခု ထုတ်ပေးမှာပါ။ ဘာအရောင်လည်း ဆိုတာတော့ မပြောနိုင်သေးဘူး” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း က ပြောသည်။

မြို့နယ်အဆင့် လူတွေ့စိစစ်မှုတွင် တိုင်းရင်းသားဘာသာစကားတစ်မျိုးမျိုးကို ပြောဆိုတတ်သူ၊ ရာဇဝတ်မှု ကျူးလွန်ခြင်း မရှိသူ၊ အထောက်အထားခိုင်လုံသူများကို ပြည်နယ်အဆင့် တင်ပို့ခြင်းဖြစ်သည်။

၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေဖြင့် စိစစ်မှုကို လူဦးရေသုံးထောင်ကျော်ရှိ မြေပုံဒုက္ခသည်စခန်းတွင် ဇွန်လက စတင်သည်။

Most read this week