ဓမ္မစေတီခေါင်းလောင်း တူးဖော်မှု ၈ရက်ကြာမှ နေရာအတိအကျတူးဖော်

ဓမ္မစေတီခေါင်းလောင်း တူးဖော်မှု ၈ရက်ကြာမှ နေရာအတိအကျတူးဖော်
by -
မဇ္စျိမ

သြဂုတ် ၁ဝ ရက်မှ စတင်တူးဖော်ခဲ့သည့် ဓမ္မစေတီခေါင်းလောင်းဆယ်ယူမှု သြဂုတ် ၁၈ ရက်အထိ ၈ ရက်အကြာတွင်မှ နေရာအတိအကျကို စတင်တူးဖော်နေပြီဟု ဦးဆောင်ပြုလုပ်နေသည့် နတ်စင်တစ်ရာ ဆရာတော်က မိန့်ကြားလိုက်သည်။

အဆိုပါသောင်တူးသင်္ဘော ပတ်ဝန်းကျင်ရှိ ပေ ၁ဝဝ ပတ်လည်တွင် ရေကြောင်းရဲတပ်ဖွဲ့ သင်္ဘောက လှည့်လည်ကာ သမ္မာန်များ၊ လှေများ အနီးသို့ မလာရောက်ရန် တားမြစ်ထားသည်။

findingbellboat

နတ်စင်တစ်ရာဆရာတော်က "မီဒီယာတွေက အမှားတွေပဲ ရေးနေကြတယ်။ နောက်သုံးရက်လောက်နေမှ ခေါင်းလောင်းနဲ့ ပတ်သက်ပြီး ထုတ်ပြန်ပေးမယ်" ဟု မိန့်သည်။

ကမ်းစပ်ရှိလှေ၊ သမ္မာန်များကို ၁၂ နာရီနောက်ပိုင်းတွင် တူးဖော်သည့် အနီးသို့မလာရန် ရေကြောင်းရဲတပ်ဖွဲ့က လာရောက်မှာကြားခဲ့ပြီး နေ့လည် ၁၂ နာရီမှစတင်ကာ ခေါင်းလောင်းတည်ရှိသည်ဟု ယူဆထားသည့် နေရာတွင် ပိုင်တူးသည့်နည်းဖြင့် တူးဖော်နေပြီဖြစ်သည်။

ဗေဒင်ဆရာ စံဇာဏီဘို၏ ပြောဆိုချက်အရ စတင်တူးဖော်သည့် သြဂုတ် ၁ဝ ရက်သည် ဝါခေါင်လပြည့်နေ့(သမားညိုနေ့) ဖြစ်သည့်အတွက် တူးဖော်မှုတစ်ပိုင်းတစ်စ ဖြစ်တတ်ခြင်း၊ အပြည့်အဝ မရခြင်းတို့ ဖြစ်တတ်သည်ဟု ဟောထားသည်။

Most read this week