အစိုးရနှင့်ဆွေးနွေးမှု ပြဿနာပေါ်ပါက တိုင်းရင်းသားအဖွဲ့အသီးသီး၏ ဥက္ကဌ သို့မဟုတ် အတွင်းရေးမှူးချုပ်တို့ ဦးဆောင်ဆုံးဖြတ်မည်

အစိုးရနှင့်ဆွေးနွေးမှု ပြဿနာပေါ်ပါက တိုင်းရင်းသားအဖွဲ့အသီးသီး၏ ဥက္ကဌ သို့မဟုတ် အတွင်းရေးမှူးချုပ်တို့ ဦးဆောင်ဆုံးဖြတ်မည်
by -
မဇ္စျိမ

အပစ်ရပ်မူကြမ်းအပေါ် အစိုးရနှင့် NCCT တို့ ဆက်လက်ဆွေးနွေးမှုတွင် မကျေလည်မည့် ပြဿနာပေါ်လာပါ က မည်ကဲ့သို့ ရပ်တည်မည်ကို ဦးဆောင်မှုနှင့် ဆုံးဖြတ်မှုပေးနိုင်မည့် တိုင်းရင်းသားအဖွဲ့အသီးသီး၏ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးချုပ်တို့က စည်းဝေးဆုံးဖြတ်ရန် ဇူလိုင် ၃၁ရက်က လိုင်ဇာတွင် သဘောတူလိုက်သည်။

အစိုးရနှင့် ဆွေးနွေးမှုတွင် ပြဿနာပေါ်ပါက NCCT အဖွဲ့ဝင် တိုင်းရင်းသားအဖွဲ့အစည်း ၁၆ခုမှ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးချုပ်တို့ပါဝင်သည့် ခေါင်းဆောင်များ အရေးပေါ် အစည်းအဝေးကျင်းပရန် တိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအဝေးတွင် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

31jl99

“အဖွဲ့ အစည်းအသီးသီးရဲ့ ဥက္ကဌ သို့မဟုတ် အတွင်းရေးမှူးချုပ်တို့ ပါဝင်တဲ့ တကယ့်ဦးဆောင်မှုပေးနိုင်တဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ ထိပ်သီးခေါင်းဆောင်တွေကို လိုအပ်ရင် လိုအပ်သလို ဆက်သွယ်နိုင်ဖို့ရယ်၊ လိုအပ်ရင်လည်း အဲ့ဒီထိပ်သီးတွေပါတဲ့ ဒီလိုကြီးကြီး မဟုတ်တော့ဘူး။ ၁၆ဖွဲ့ဆိုတော့ ၁၆ဦးလောက်လား၊ ၃၂ဦးလောက်လား။ ကျဉ်းကျဉ်းလေးနဲ့ မြန်မြန်အစည်းအဝေးပြုလုပ်နိုင်မယ့် ယန္တယားတစ်ခုဖန်တီး လိုက်ပါတယ်” ဟု NCCT အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောသည်။

“ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ပေးနိုင်သော ဖက်ဒရယ်ပြည် ထောင်စု တည်ထောင်ရေး” ကို အစိုးရနှင့် ဆွေးနွေးသည့်အခါ အလျှော့မပေးဘဲ အခိုင်အမာရပ်တည်သွားရန် ယခုအစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ်ထားသည်။

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားအဖွဲ့အစည်း ၁၆ ဖွဲ့ဖြင့် ဖွဲ့ထားသည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) တို့ ဩဂုတ်လ ဒုတိယ ပတ်အတွင်း အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် ဒုတိယမူကြမ်းအပေါ် ဆွေးနွေးတော့မည်ဖြစ်သည်။

ထိုဆွေးနွေးမှုတွင် “မူဝါဒဆိုင်ရာကိစ္စတွေ အရေးတကြီးဆုံးဖြတ်ဖို့ ကိစ္စတွေရှိလာတယ်ဆိုလို့ရှိရင် အ စည်းအဝေးကို လိုအပ်ချက်အရခေါ်ယူဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်” ဟုလည်း ပအို့ဝ်အမျိုးသားလွတ်မြောက် ရေးအဖွဲ့(PNLO) ဥက္ကဌ ခွန်မြင့်ထွန်းကလည်း အစည်းအဝေးအပြီး မဇ္ဈိမကို ပြောသည်။

ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ပေးနိုင်သော ဖက်ဒရယ်ပြည် ထောင်စု တည်ထောင်ရေးကို အစိုးရဘက်က လက်မခံသမျှ နိုင်ငံရေးပြဿနာ ပြေလည်မည် မဟုတ်ဟုလည်း NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ဆိုသည်။

Most read this week