သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို စတုတ္ထအကြိမ်ရုံးထုတ်၊ မိသားစုနှင့် တွေ့ခွင့်ရ

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို စတုတ္ထအကြိမ်ရုံးထုတ်၊ မိသားစုနှင့် တွေ့ခွင့်ရ
by -
မဇ္စျိမ

ငွေအလွဲသုံးမှုပုဒ်မဖြင့် တရားဆွဲဆိုခံထားရသော သနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား နေပြည်တော်၊ ဒက္ခိဏသီရိ ခရိုင်တရားရုံး၌ ဇူလိုင်လ ၂၂ရက်က စတုတ္ထအကြိမ် ရုံးထုတ်ခဲ့ပြီး မိသားစုများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခွင့် ပေးခဲ့သည်။

ဦးဆန်းဆင့်အား ဇွန်လ ၃ ရက် ဒုတိယအကြိမ် ပုဗ္ပသီရိမြို့နယ်တရားရုံးနှင့် ဇူလိုင်လ ၈ ရက်က တတိယအကြိမ် ဒက္ခိဏခရိုင်တရားရုံးတို့တွင် ရုံးထုတ်စစ်ဆေးစဉ်က မိသားစုနှင့် တွေ့ဆုံခွင့်မပေးခဲ့သော်လည်း ယခု တစ်ကြိမ်တွင်မူ တရားခွင်သို့ရောက်ရှိပြီးမှ မိသားစုနှင့်တွေဆုံရန် ခေါ်ယူခဲ့သည်။

22jl2

မိသားစုထဲတွင် ဇနီး၊ သားတို့အပြင် ဦးဆန်းဆင့်၏ ညီမအရင်းတစ်ယောက်နှင့် ဝမ်းကွဲတော်စပ်သူညီမ တစ်ယောက် စုစုပေါင်း လေးယောက်သာ တွေ့ဆုံခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းလည်း လာရောက်ခဲ့ပြီး ၎င်းက “ဧရာဝတီတိုင်း ပြည်သူတွေ အနေနဲ့တော့ ဆန္ဒပြဖို့ မလုပ်ဘူး၊ သူ့အတွက် ကောင်းအောင် လုပ်မယ်၊ ဒီအနေအထားက မှန်ရင်တော့ ခံပေါ့၊ သူ(ဦးဆန်းဆင့်) မှန်ရင်တော့ မတရားတာ ကျွန်တော်တို့ မလိုချင်ဘူး” ဟု မီဒီယာသို့ ပြောသည်။

ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးစဉ်က “သမ္မတရဲ့အမိန့်ကို မနာခံဘူးဆိုတဲ့ သဘောနဲ့လုပ်တာဖြစ်ပါတယ်၊ မတရားမှုပြုတာပါ”ဟု ဦးဆန်းဆင့်က မီဒီယာများသို့ ပြောခဲ့ဖူးသည်။

ဦးဆန်းဆင့်အား အာမခံပေး၍မရသည့် ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု ပုဒ်မ ၄ဝ၉/ ၁ဝ၉ ဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက တရားလိုအဖြစ် တရားစွဲဆိုထားပြီး ဇွန်လ ၁၉ရက်က ဖမ်းဆီးခဲ့သည်။

Most read this week