ဒု-သမ္မတသတင်းမယူဘဲ သပိတ်မှောက်မည်

ဒု-သမ္မတသတင်းမယူဘဲ သပိတ်မှောက်မည်
by -
မဇ္စျိမ

သရေခေတ္တရာမြို့ဟောင်းသို့ လာရောက်မည်ဟု သတင်းထွက်ပေါ်နေသည့် ဒု-တိယသမ္မတ ဦး ဉာဏ်ထွန်း၏ ခရီးစဉ်ကို သတင်းမယူဘဲ သပိတ်မှောက်ရန် ဆုံးဖြတ်ထားသည်ဟုပြည်မြို့ခံ သတင်းထောက်များက ဇူလိုင် ၁၅ရက်တွင် မဇ္ဈိမကို ပြောသည်။

ဒုတိယသမ္မတ ဦး ဉာဏ်ထွန်းသည် မူလက ဇူလိုင် ၁၅၊ ၁၆ရက်လာရောက်ရန်စီစဉ်ထားသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။

against-vice-president

“ရာသီဥတုအခြေအနေမကောင်းဘူးဆိုပြီး ပျက်သွားတယ်”ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ပြည်မြို့ခံ သတင်းထောက်တို့ကမူ ယနေ့ပြုလုပ်သည့် သတင်းထောက်များကို ဖမ်းဆီးထောင်ချမှု ရပ်တန့်ရေး အသံတိတ်ဆန္ဒပြပွဲကို ရှောင်လွှဲခြင်းဟု ယုံကြည်နေကြသည်။ သို့သော်မည်သည့်ရက်အတွင်း လာရောက် သည်ဖြစ်စေသတင်းမယူခြင်းဖြင့် သပိတ်မှောက်ရန် မြို့ခံသတင်းထောက် ၂၀ ကျော်တို့ကဇူလိုင် ၁၅ ရက်၊ နံနက်ပိုင်းကစည်းဝေး ဆုံးဖြတ်ပြီးဖြစ်သည်ဟု ဆိုသည်။

DVB သတင်းထောက် ကိုသန်းထိုက်က “ကျွန်တော်တို့ ဒု-သမ္မတခရီးစဉ်နဲ့အချိန်ကိုက်လုပ်တာပါ။ သတင်း သမားတွေထောင်ချတာကို ကန့်ကွက်တယ်ရှုတ်ချတယ်ဆိုတာ ဒု-သမ္မတ သိစေချင်ပါတယ်။“ဒု-သမ္မတ ကို
လည်းသပိတ်မှောက်တဲ့အနေနဲ့ သူလာတဲ့ သတင်းသွားမယူဘူး” ဟု ပြောသည်။

ဇူလိုင် ၁၅ရက် နံနက်ပိုင်းတွင် နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေပုဒ်မဖြင့် ထောင် ၁၀နှစ်စီ ချခံရသည့် ယူနတီ ဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးလွတ်မြောက်ရေးနှင့် သတင်းထောက်များကို
ဖမ်းဆီးထောင်ချနေမှုကို ရပ်တန့်ရေး မြို့ခံ သတင်းထောက်တို့က အသံတိတ်ချီတက်ဆန္ဒပြကြသည်။

ထို့အတူ ဘိုင်မွန်းတည့်နေဂျာနယ်မှ တာဝန်ခံအယ်ဒီတာနှင့် အယ်ဒီတာနှစ်ဦး၊ သတင်းထောက်တစ်ဦးတို့ ကို“ဖမ်းဆီးစစ်ဆေးနေသည့် ဇူလိုင် ၁၂ရက် ကလည်း ရန်ကုန်မြို့၊ ငြိမ်းချမ်းရေး ဗဟိုဌာန၌ ပြုလုပ်သည့် သမ္မတနှင့် အနုပညာရှင်များတွေ့ဆုံပွဲသို့လည်း မီဒီယာဖိနှိပ်မှုရပ်” စာသားပါတီရှပ်များ
၀တ်ဆင်ထား သည့်သတင်းထောက်များကို သတင်းယူခွင့်မပြုဟု အာဏာပိုင်တို့ကကန့်သတ်ခဲ့သည်။

ထို့ပြင် ယင်းကို ကန့်ကွက်သည့်သတင်းထောက်များထဲမှ ၅၀ဦးကို စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် အရေး ယူရန်ကမာရွတ်ရဲစခန်းက စီစဉ်နေသည်။ ELEVEN MEDIA GROUP သတင်းထောက် ကိုငြိမ်းချမ်းဝေက “အစိုးရပိုင်းက မီဒီယာလွတ်လပ်ခွင့်ကန် ့ ကွက်လိုက်တဲ့အပေါ် ပြန်ပြီးတော့သပိတ်မှောက် တာ” ဟု ပြောသည်။

ဆန္ဒပြပွဲအတွက် ခွင့်ပြုမိန့်တောင်းစဉ်ကပင် သက်ဆိုင်ရာက ဒု-သမ္မတ ခရီးစဉ်ရက်နှင့်တိုက်ဆိုင်နေသည့် အတွက်ရက်ရွှေ့ပေးရန် ညှိနှိုင်းခဲ့သော်လည်း လက်မခံခဲ့ဟု သတင်းထောက်တို့ ကဆိုသည်။

7days သတင်းစာမှ ပြည်ဒေသခံသတင်းထောက် ကိုဇော်မင်းထိုက်က“အခုစစ်အာဏာရှင်လက်ထက်က ပုံစံအတိုင်းလုပ်နေတော့ သတင်းထောက်တွေအတွက် စိုးရိမ်စရာတွေဖြစ်နေတယ်”ဟု ဝေဖန်သည်။

ဆန္ဒပြသူများက ဗိုလ်ချုပ်ကျောက်ရုပ်ရှေ့မှ သတင်းထောက်များကို ဖမ်းဆီးထောင်ချခြင်းသည် မီဒီယာကို ဖိနှိပ် ခြင်းဖြစ်သည် ဟူသောစာသားပါ ပိုစတာကိုင်ဆောင်၍ ပြည်ခရိုင် တရားရုံးရှေ့သို့ ချီတက်ကာ နာရီဝက် ကြာ
အသံတိတ် ဆန္ဒပြကြသည်။

Most read this week