နှစ်ကုန်၌ နိုင်ကျဉ်း ၁၀၀ ကျော်နိုင်ဟု အေအေပီပီပြော

နှစ်ကုန်၌ နိုင်ကျဉ်း ၁၀၀ ကျော်နိုင်ဟု အေအေပီပီပြော
by -
မဇ္စျိမ

တက်ကြွလှုပ်ရှားသူများနှင့် မီဒီယာ သမားများအား ဆက်လက်ဖမ်းဆီး ထောင်ချနေပါက ၂၀၁၄ နှစ်ကုန်တွင် အကျဉ်းထောင်များ၌ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော် ရှိလာနိုင်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီ
စောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) AAPP(B)၏ ဇူလိုင်လ ၁၅ ရက်တွင်ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

၂၀၁၃ ခုနှစ်တွင် နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးမည်ဟု သမ္မတက ကတိပြုခဲ့သော်လည်း ၂၀၁၃ နှစ် ကုန်တွင်အခြားအမှုများဖြင့် တရားစွဲဆိုခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား အယောက် ၃၀ ကျန်ရှိနေခဲ့ပြီး နောက် ၂၀၁၄ ခုနှစ်တွင် တက်ကြွလှုပ်ရှားသူများအား တရားစွဲဆို ခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်းတို့ကြောင့် ယခု အချိန်တွင် နိုင်ငံရေးအကျဉ်းသား ၆၅ ယောက်အထိ ရှိလာပြီဖြစ်သည့်အပြင် တရားရင်ဆိုင်နေရဆဲ ၁၀၂ ဦးရှိပြီးကိုးဦးကို အကျဉ်းထောင်အတွင်းဖမ်းဆီးထားသည်ဟု အစီရင်ခံစာက ဖော်ပြသည်။

အစိုးရနှင့် အတူပူးတွဲဆောင်ရွက်နေ သည့် ၂၀၁၃ ခုနှစ်အတွင်း ဖွဲ့စည်းထားသည့်လက်ကျန်နိုင်ငံရေးအကျဉ်း သားများ စိစစ်ရေးကော်မတီကအစည်းအဝေးကို တစ်လ တစ်ကြိမ်ခေါ်ယူရန် တောင်းဆို ထားသည်ဟုလည်း အဖွဲ့ဝင်ဦးတိတ်နိုင်က ပြောကြားသည်။