မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၃၄ လမ်းနှင့် ၈၃ လမ်းထောင့်တွင် ဇူလိုင် ၂ ရက်ညက ၁၁ နာရီခန့်က ဖြစ်ပွားခဲ့သော လူသတ်မှုတွင် ကျူးလွန်သူဟု ယူဆရသူလေးဦးအား မန္တလေးခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားသည်ဟု အဆိုပါရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး စိန်ထွန်းက ဇူလိုင် ၁၅ရက်က မဇ္စျိမကို အတည်ပြုပြောကြားသည်။
“လောလောဆယ် လူသတ်မှုအတွက် (ယူဆရသူ)လေးဦးကို ဖမ်းဆီထားမိပါတယ်၊ ဖမ်းဆီးတာတော့ တရက်တည်းမဟုတ်ပါဘူး၊ ကွင်းဆက်နဲ့ ဆက်လက်ပြီးလည်း ဖမ်းဆီးဖို့ လုပ်ထားတယ်၊ မန္တလေးမြို့ ပဋိပက္ခဖြစ်စဉ်အတွင်းမှာ ဖြစ်စဉ် ၁၅ ခုဖြစ်ပွားခဲ့ပါတယ်၊ အဲဒီအတွက် လုပ်ဆောင်ခဲ့တယ်လို့ ယူဆရ တယ်သူတွေကို ဖမ်းဆီးထားပါတယ် ” ဟု ယင်းကပြောသည်။
ဖြစ်စဉ်များမှာ သချႋုင်းမီးရှို့သူ ၊ နန်းရှေ့၊ စစ်ကိုင်းတန်း၌ ခဲဖြင့် ပစ်ပေါက်သူအပါအဝင် လူသတ်မှုနှင့် ပတ်သက်သူ ဦးရေ ၄၀ ကျော် ဖမ်းဆိးရမိထားပြီးဟု ပြောသည်။ ယင်းအပြင် ညမထွက်ရအမိန့် ဖောက်ဖျက်သူ ရဝဝ ကျော်အထိ ရှိနေပြီ်ဟုလည်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများတွင် ဖော်ပြထားသည်။
မန္တလေး ပဋိပက္ခနှင့် ပတ်သက်၍ ပါဝင်ပတ်သက်သူများကို ဆက်လက်ဖော်ထုတ်နေပြီး ထုတ်ပြန်ပေးသွားမည် ဟုလည်း ရဲမှူးကြီးက ပြောသည်။