ကြားဖြတ်အစိုးရ သတင်းရေးသည့် သတင်းထောက် ဖမ်းဆီးခံထားရ

ကြားဖြတ်အစိုးရ သတင်းရေးသည့် သတင်းထောက် ဖမ်းဆီးခံထားရ
by -
မဇ္စျိမ

“ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ဒီမိုကရေစီအင်အားစုများအား ကြားဖြတ်အစိုးအရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း MDCF ထုတ်ပြန်” ဟူသည့် သတင်းရေးသားခဲ့သောဘိုင်မွန်းတည် နေဂျာနယ်မှ အကြီးတန်းသတင်းထောက်ကို ရဲတပ်ဖွဲ့က ဇူလိုင် ၈ ရက် ညတွင် စစ်ဆေးရန် ခေါ်ဆောင်သွား သည်ဟု ၎င်း၏ ညီမဖြစ်သူက ပြောသည်။

အဆိုပါသတင်းဖော်ပြခဲ့သည့် ဂျာနယ်မှ အမှု ဆောင်အယ်ဒီတာနှစ်ဦးနှင့် တာဝန်ခံအယ်ဒီတာ တစ်ဦးကို ဇွန်လ ၈ ရက် မနက်အစောပိုင်းတွင် ရဲတပ်ဖွဲ့က စစ်ဆေးရန်ခေါ်ဆောင်သွားပြီးနောက် သတင်းရေးသားသူ ကိုမင်းဝသန်ကို ထပ်မံခေါ်ဆောင်သွားခြင်း ဖြစ်သည်။

“ညကိုးနာရီလောက်မှာ ရပ်ကွက်ရုံးကတစ်ဆင့် ဆင့်ခေါ်ပြီးခေါ်သွားတာပါ။ အခုအချိန်ထိ ဘယ်ရောက်နေမှန်း ကို မသိဘူး” ဟု ကိုမင်းဝသန်၏ ညီမဖြစ်သူ မစုသက်နှင်းက ရှင်းပြသည်။

လက်ရှိအချိန်တွင် ခေါ်ဆောင်ခံရသူအားလုံးကို အဆက်အသွယ်မရသေးဟု ဘိုင်မွန်းတည့်နေဂျာနယ်မှ သတင်းထောက်ချုပ် ကိုသိန်းလင်းအောင်က ပြောသည်။

အထက်ပါ သတင်းခေါင်းစဉ်ဖြင့် ဘိုင်မွန်းတည့်နေဂျာနယ် မျက်နှာဖုံးတွင် ဖော်ပြခဲ့မှုအပေါ် အစိုးရက အရေးယူ ဆောင်ရွက်သွားမည်ဟု ဇူလိုင်လ ၈ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်ခဲ့သည်။

“တရားဥပဒေအရ အရေးယူဆောင်ရွက်တယ်ဆိုရင် ဥပဒေနဲ့အညီ ဖြစ်ဖို့လိုတယ်။ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု၊ နားလည်မှု တည်ဆောက်တဲ့နေရာမှာ အစိုးရဘက်က ဒီလိုလုပ်တာတွေဟာ မီဒီယာတွေကို တဖြည်းဖြည်း ခြိမ်းခြောက်လာသလိုမြင်မိတယ်” ဟု မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီအတွင်းရေး မှူး)ဦးကျော်မင်းဆွေက ပြောသည်။

ထိုသတင်းမှာ ဇူလိုင် ရ ရက်တွင် ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု (MCDF)က ဆန္ဒထုတ်ဖော်စဉ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Most read this week