ပြည်သူများကြိုက်သည့် သမ္မတကိုသာ ရွေးချယ်ခွင့်ပေးရန် မြန်မာနိုင်ငံကို အမေရိကန်အစိုးရ တောင်းဆို

ပြည်သူများကြိုက်သည့် သမ္မတကိုသာ ရွေးချယ်ခွင့်ပေးရန် မြန်မာနိုင်ငံကို အမေရိကန်အစိုးရ တောင်းဆို
by -
မဇ္စျိမ

မြန်မာအစိုးရအနေဖြင့် ယင်း၏ပြည်သူများအား ၎င်းတို့ ကြိုက်နှစ်သက်သူကို သမ္မတအဖြစ် မဲပေးရွေးချယ် ခွင့်ရရှိစေရေးအတွက် ဆောင်ရွက်ရန် အမေရိကန်နိုင်ငံက တောင်းဆိုလိုက်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဇွန်လ ၁၆ ရက်က ဖော်ပြထားသည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးအတွက် အဟန့်အတားဖြစ်နေသောဥပ ဒေနှင့် ပတ်သက်၍အငြင်းပွားပြောဆိုမှုများ ရှိနေချိန်တွင် အမေရိကန်အစိုးရက ယခုကဲ့သို့တိုက်
တွန်းပြောကြားလိုက်ခြင်းဖြစ်သည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းအား မြန်မာနိုင်ငံ၏သမ္မတမဖြစ်နိုင်အောင် တားမြစ်ထားသည့် စစ်တပ်ကရေးဆွဲပြဋ္ဌာန်းထားခဲ့သော ဥပဒေကိုပြင်ဆင်ပေးရန် လူထုစည်းရုံးမှုများ လုပ် ဆောင်လျက်ရှိသည်ဟုလည်း အေအက်ဖ်ပီသတင်းက ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ အသိုင်းအဝိုင်းအား ၎င်း၏ စည်းရုံးမဲဆွယ်မှုကိုထောက်ခံရန်နှင့် ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲများအတွက် ၎င်းင်းကိုယ် တိုင် တောင်းဆိုထားသော“တန်းတူညီမျှသည့် အခြေအနေတစ်ရပ်” ပေါ်ထွက်လာရေးတွင် ကူညီရန် တောင်းဆိုထားသည်။

“မြန်မာပြည်သူများအတွက် ၎င်းတို့ ကြိုက်နှစ်သက်ရာ သမ္မတကို လွတ်လပ်၍ တရားမျှတသော၂၀၁၅ ခု နှစ်ရွေးကောက် ပွဲအတွင်း လွတ်လပ်စွာရွေးချယ်နိုင်ဖို့ အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေးမှတစ်ဆင့် လမ်းခင်း ပေးသင့်တယ်လို့ ကျွနု်ပ်တို့ ယုံ ကြည်ပါသည်”ဟု အမေရိကန်အစိုးရ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြသည်။

“ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် ဆက်လက်ဆောင်ရွက်နေသည့် မြန်မာနိုင်ငံမှာ အသွင်ကူး ပြောင်းရေး၏ နောင်လာမည့် အရေးပါသောအဆင့်ကို ဦးဆောင်မည့်သူအား မြန်မာပြည်သူများက လွတ် လပ်စွာရွေးနိုင်စေရန် ဆောင်ရွက်ခြင်းသည် တိုင်းပြည်တည်ငြိမ်ရေးအတွက် အထောက်အကူဖြစ်လိမ့်မည်”ဟု အမေရိကန်အစိုးရ၏ ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းရေးသားထားသည်။

Most read this week