မျိုးစောင့်ဥပဒေကန့်ကွက်သည့်အဖွဲ့များ ဒေါ်အောင််ဆန်းစုကြည်နှင့် နှစ်နာရီကြာတွေ့ဆုံ

မျိုးစောင့်ဥပဒေကန့်ကွက်သည့်အဖွဲ့များ ဒေါ်အောင််ဆန်းစုကြည်နှင့် နှစ်နာရီကြာတွေ့ဆုံ
by -
မဇ္စျိမ

 ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင််ဆန်းစုကြည်နှင့် မျိုးစောင့်ဥပဒေလေးမျိုးကို ကန့်ကွက်လှုပ်ရှားသည့် အဖွဲ့များမှ ကိုယ်စားလှယ်များက ဇွန် ၁၁ရက်တွင် လွှတ်တော် အဆောက်အဦအတွင်းရှိ အိုင် ၁၂တွင် နှစ်နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့သည်။

"မျိုးစောင့်ဥပဒေ အပိုင်းလေးပိုင်းလုံးဆိုရင် ဥပဒေက မလိုအပ်ပါဘူး၊ အကျိုးရှိမယ်ဆိုတာထက် အကျိုးမရှိပိုများတယ်။ ဒါကြောင့် အဓိကအချက်အလက်တွေကို လာတင်ပြဆွေးနွေးတာဖြစ်တယ်။ မျိုးစောင့် ဥပဒေဖြစ်ပေါ်လာရေး လှုပ်ရှားမှုတွေကဆိုရင် ပဋိပက္ခ ဖြစ်ပွားနိုင်တယ်။ ငြိမ်းချမ်းရေးကို ပျက်ပြားနိုင်တယ်။ တရားဥပဒေစိုးမိုးရေးကိုလည်း ထိခိုက်နိုင်တယ်ဆိုတာကို လာပြီး တင်ပြတာဖြစ်ပါတယ်”ဟု အမျိုးသမီးများအဖွဲ့ချူပ် မြန်မာနိုင်ငံမှ ဒေါ်သင်းသင်းအောင်က မီဒီယာများကို ပြောသည်။

မျိုးစောင့်ဥပဒေကို စတင် ကန့်ကွက်စဉ်က ၉၇ ဖွဲ့သာရှိပြီး လက်ရှိအချိန်တွင် ၁၆၆ ဖွဲ့အထိ ရှိလာပြီဟု သူကဆိုသည်။ အဆိုပါ ကန့်ကွက်သည့် ၁၆၆ ဖွဲ့၏ ကိုယ်စား ခေါင်းဆောင်ဆယ်ဦးက ယနေ့ လာရောက်ပြီးတွေ့ဆုံခြင်းဖြစ်သည်။

"ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို သွားတဲ့အခါ ဗဟိုက ချူပ်ကိုင်ထားတဲ့စနစ်ကို မလိုလားပါဘူးတဲ့ ခုထွက်လာတဲ့ ဘာသာကူးပြောင်းရေးဆိုင်ရာ ဥပဒေမှုကြမ်းမှာဆိုရင် ဗဟိုက ချူပ်ကိုင်တဲ့ အုပ်ချူပ်ရေးပိုင်းကို အာဏာတွေပေးထားတာ တွေ့ရတယ်။ ပွင့်လင်းတဲ့လူဘောင်ကို ကူးတဲ့နေရာမှာ မဖြစ်သင့်ဘူးဆိုတာကို ထောက်ပြတယ်”ဟု ဒေါ်သင်းသင်းအောင်က ပြောသည်။

မျိုးစောင့်ဥပဒေကို ကန့်ကွက်သည့် အဖွဲ့ခေါင်းဆောင်များအနေဖြင့် ခြိမ်ခြောက်စားများပေးပို့ခြင်း၊ ညစ်ညမ်းသည့်စကားလုံးများဖြင့် ရေသားပို့ဆောင်ခြင်းနှင့် နှစ်ရက်ခြားတစ်ခါ ခြိမ်းခြောက်စာများ ပေးပို့လာသည့်အတွက် ခေါင်ဆောင်များအနေဖြင့် ရဲစခန်းတွင် တိုင်ချက်ဖွင့်လှစ်သွားမည်ဟု ခေါင်ဆောင်များက ဆိုသည်။

"ဘာသာကူးပြောင်း ဥပဒေမှာဆိုရင် ဘာအကြောင်းပြလဲဆိုတော့ အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုရင် အကြမ်းဖက်မှုဥပဒေကို ဒီထက်ခိုင်မာအောင် လုပ်ဖို့လိုတယ်။ ခုမူကြမ်းထွက်တဲ့ ဥပဒေအရဆိုရင် အုပ်ချူပ်ရေးက ဝင်စွက်ဖက်သလို အခြခံဥပဒေကိုလည်း ဆန့်ကျင်နေတယ်”ဟု  Equality Myanmar အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာ၊ သာသနာရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာန နှင့် ပြည်ထောင်စုတရားလွှတ်တော်ချူပ်ရုံးတို့ ပူပေါင်းပြီး မျိုးစောင့်ဥပဒေလေးမျိုးကို မူကြမ်းရေးဆွဲထုတ်ပြန်ထား သည်။

ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ နှင့် လာရောက်တွေ့ဆုံရာတွင် ကျေနပ်အားရမှုရှိသည်ဟု ကိုယ်စားလှယ် ခေါင်းဆောင်များကပြောသည်။