အမိန့်နှင့် အုပ်ချုပ်သည့်ခေတ်မဟုတ်ဟု အစိုးရကို ဦးရွှေမန်းသတိပေး

အမိန့်နှင့် အုပ်ချုပ်သည့်ခေတ်မဟုတ်ဟု အစိုးရကို ဦးရွှေမန်းသတိပေး
by -
မဇ္စျိမ

ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် အရေးကြီးအဆိုတစ်ရပ်ကို မအူပင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက လွှတ်တော်သို့ တင်သွင်းလာခြင်းနှင့်ပတ်သက်ပြီး ယခုခေတ်သည် အမိန့်ဖြင့် အုပ်ချုပ်သော ခေတ်မဟုတ်ဘဲ ဥပဒေဖြင့် အုပ်ချုပ်သောခေတ်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

“ပြဋ္ဌာန်းထားတဲ့ဥပဒေနဲ့အညီ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြေညာစာတွေက အချိန်မီထွက်လာဖို့ လိုတယ်။ နည်းဥပဒေတွေထွက်လာမှ ဥပဒေက အသက်ဝင်မှာ။ အကြောင်းအမျိုးမျိုးပြပြီး နည်းဥပဒေ မထွက်သေးတာဟာ လုပ်ထုံးလုပ်နည်းပိုင်းမှာ ရှုပ်ရှုပ်ထွေးထွေးဖြစ်သွားနိုင်တယ်။ အခုခေတ်က အမိန့်နဲ ့ အုပ်ချုပ်တဲ့ ခေတ်မဟုတ်ဘူး။ ဥပဒေနဲ့ အုပ်ချုပ်တဲ့ခေတ်” ဟု ၎င်းက ပြောသည်။

ဦးစိန်ဝင်းက လယ်ယာကဏ္ဍနှင့် သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ခေတ်မီလာစေရန် စိုက်ပျိုးရေး၊ မွေးမြူရေး ဖွံ့ ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဖွဲ့စည်း၍ အထူးပြု ဆောင်ရွက်ရန် သမ္မတအားတိုက်တွန်းကြောင်း အဆို တင်သွင်းခဲ့ခြင်းအပေါ် လယ်/ဆည် ဒု-၀န်ကြီး ဦးခင်ဇော်က ရှင်းလင်းအပြီး သူရဦးရွှေမန်းက ပြောကြား ခဲ့ခြင်းဖြစ်သည်။

ဒေသဖွံ့ဖြိုးရေးအတွက် လက်ရှိတွင် ဗဟိုဘဏ်အပါအဝင် အစိုးရဝန်ကြီးဌာန ၁၀ ခုကျော်တို့က ပူးပေါင်း ဆောင်ရွက်နေခြင်း၊ ရေအရင်းအမြစ် စီမံခန့်ခွဲရေးကော်မတီ ထပ်မံဖွဲ့စည်း၍ ဆောင်ရွက်နေခြင်းတို့ ရှိ နေသော်လည်း လယ်ယာနှင့် သားငါးကဏ္ဍ တိုးတက်ဖွံ့ဖြိုးမှုအတွက် လိုအပ်နေဆဲဖြစ်ကြောင်း၊ ထို ကြောင့် ယခုအဆိုကိုတင်သွင်းရခြင်းဖြစ်ကြောင်း အဆိုရှင် ဦးစိန်ဝင်းက ပြောသည်။

“တောင်သူလယ်သမားများ အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားများ မြှင့်တင်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါတယ်။ အဲဒီဥပဒေ ပုဒ်မ-၄ မှာ လယ်/ဆည် ၀န်ကြီး၊ မွေး/ရေဝန်ကြီးနဲ့ စီးပွားကူးသန်း ၀န်ကြီးတို့က ဦးဆောင်ပြီး တောင်သူလယ်သမားများ အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားများ မြှင့်တင်ရေး ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ဖို့ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် အခုအဆိုကို မှတ်တမ်းတင်ထားသင့်ကြောင်း ပြောကြားလိုပါတယ်။ ဒီဥပဒေအတွက်နည်းဥပဒေကို ဆွဲနေပါတယ်။နည်းဥပဒေတွေ ထွက်လာရင် ဒီဥပဒေက အသက်ဝင်လာပြီး ဒီအဖွဲ့က စတင်ဆောင်ရွက်နိုင်ပါပြီ” ဟု ဒုတိယဝန်ကြီး ဦးခင်ဇော် က ပြောကြားခဲ့သည်။

အဆိုပါ တောင်သူလယ်သမားများ အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအတွက် နည်းဥပဒေရေးဆွဲနေသည်မှာ ရှစ်လတာကြာခဲ့သော်လည်း ထွက်မလာသေးသောကြောင့် ယခုကဲ့သို့ ဒေသဖွံ့ဖြိုးရေးဆိုင်ရာအဆိုများ လွှတ်တော်သို့ တင်လာရခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။

ထို့ပြင် ၎င်းက “ဥပဒေတွေ အသက်ဝင်ဖို့ နည်းဥပဒေတွေ အမြန်ထုတ်ပေးပါ။ ဘာတေ ွခက်နေလို့လဲ ကျွန်တော်မေးခဲ့တယ်။ (နည်းဥပဒေကို) ကျွန်တော်တို့ လွှတ်တော်ကလည်း ဒါလောက်တော့ဆွဲနိုင်တယ်။ ဆွဲတတ်တယ်။ ဒါပေမဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကို အခွင့်အရေးပေးတဲ့ အနေနဲ့ ဆွဲခိုင်းထားတာ၊ ဒီလိုသာ ကြန့်ကြာနေဦးမယ်ဆိုရင် အခုလိုအဆိုတွေ၊ တခြားအဆိုတွေ ထွက်နေမှာပဲ။ နည်းဥပဒေတွေ အချိန် မီထွက်လာနိုင်ရင် ဒီလိုအဆိုတွေ တင်နေစရာမရှိဘူး” ဟုလည်း လွှတ်တော် ဥက္ကဋ္ဌက အစိုးရအဖွဲ့ ၏အား နည်းချက်ကို ထောက်ပြခဲ့သည်။

အဆိုရှင်ဦးစိန်ဝင်း၏ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ကြမည်ဟုဆိုသည့် အဖွဲ့ဝင် ၅၀ ဦးပါ တောင်သူလယ်သမားများ အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင့်ရေးအဖွဲ့တွင် ပြည်ထောင်စု ၀န်ကြီးသုံးဦး၊ ဒု-၀န်ကြီးကိုးဦး၊ နိုင်ငံတော် သမ္မတရုံးမှ စီးပွားရေးအကြံပေးတစ်ဦး၊ ပြည်နယ်/တိုင်း ဒေသ ကြီးတို့မှ စိုက်ပျိုး မွေးမြူရေးဝန်ကြီး ၁၄ ဦး၊ နေပြည်တော် ကောင်စီဝင်တစ်ဦး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ၁၀ ဦး၊ အခြား အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ်္ဂိုလ် ၁၀ ဦးတို့ ပါ၀င်ကြကာ ၎င်း ဥပဒေအတွက် နည်းဥပဒေ ပေါ်ထွက်လာသည်နှင့် စတင်ဆောင်ရွက်နိုင်ကြမည်ဟု သိရသည်။