အခွန်ကောက်ဥပဒေအကြောင်းသိရှိရန် မြန်မာတစ်နိုင်ငံလုံးတွင် ရှင်းလင်းပွဲများ ပြုလုပ်မည်

အခွန်ကောက်ဥပဒေအကြောင်းသိရှိရန် မြန်မာတစ်နိုင်ငံလုံးတွင် ရှင်းလင်းပွဲများ ပြုလုပ်မည်
by -
မဇ္စျိမ

၂၀၁၄ ခုနှစ် မတ်လ ၂၈ ရက်တွင် ပြည်ထောင်စုလွတ်တော်မှ အတည်ပြုပြဋ္ဌာန်းလိုက်သည့် အခွန်ကောက် ဥပဒေကို ပြည်သူများသိရှိစေရန်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဟောပြောပွဲများပြုလုပ်၍ ရှင်းပြပေး သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းလွင်ဦးက မေလ ၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

အဆိုပါ အခွန်ကောက်ဥပဒေကို မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများ သိရှိစေရန်အတွက် မြို့နယ်အခွန်ရုံး များက သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ ဖိတ်ကြား၍ ဟောပြောရှင်းလင်းပေးမည် ဖြစ်သည်ဟု လည်း ဦးမင်းလွင်ဦးက ပြောသည်။

“ကျွန်တော်တို့အနေနဲ့ ဥပဒေတစ်ခု ပြဋ္ဌာန်းပြီးပြီးဆိုရင် ပြည်သူတွေသိအောင် သတင်းစာထဲမှာ ထည့် ပေးပါတယ်၊ ဒါပေမဲ့ သတင်းစာမဖတ်နိုင်သေးတဲ့ ပြည်သူတွေရှိတယ်၊ ဒါကြောင့် ပြည်သူတွေ မသိဘူး ဆိုတာမျိုး မဖြစ်ရအောင်လို့ ရှင်းပြပေးတာပါ”ဟု ၄င်းက ပြောသည်။

ပြည်သူများအနေဖြင့် အရောင်းခွန်၊ လုပ်ငန်းခွန်၊ ၀င်ငွေခွန် စသည့် အခွန်ထမ်းဆောင်သည့်ပုံစံများကို သိ ရှိရန်လိုအပ်သလို အခွန်ထမ်းဆောင်ရန် လိုအပ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက် တာအေးမောင်က ပြောသည်။

“ဒီလိုရှင်းပြရတာကို သဘောတူတယ်။ ပြည်သူတွေအနေနဲ့ ဥပဒေတွေကို သိသင့်တာကြာပါပြီ။ အခွန် ကောက်ဆိုင်ရာ ဥပဒေတွေကို ဖွဲ့စည်းပုံမှာပါတဲ့အတိုင်း ပြဋ္ဌာန်းထားပါတယ်။ ဒီလိုမျိုး အခွန်ဆောင်ရ တယ်ဆိုတာကလည်း နိုင်ငံတော်ရဲ့ လုပ်ငန်းလည်ပတ်မှုတွေကြောင့် အခွန်ထမ်းဆောင်ရတာပါ၊ ဒါကို ပြည်သူတွေ သိစေချင်ပါတယ်”ဟု ၎င်းကပြောသည်။

လက်ရှိအချိန်တွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းထားသည့် အခွန်ကောက်ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းချက်များကို ပြည်သူများအနေဖြင့် လိုက်နာရန် အခက်အခဲရှိနေပါက ချို့ယွင်းချက်များကို ပညာရှင် များနှင့်တိုင်ပင်၍ လိုအပ်ပါက လွှတ်တော်ရှိ ကုန်သွယ်ရေးနှင့်ပတ်သက်သည့် ကော်မတီထံသို့ တင်ပြ ပေးသွားမည်ဖြစ်သည်ဟုလည်း ၎င်းက ထပ်မံပြောကြားသည်။

“ကျွန်တော်တို့ဆီမှာလည်း ပြင်ဆင်ထားတဲ့ အခွန်ဥပဒေကို ပြည်သူတွေသိအောင် ဟောပြောပွဲတွေလုပ် ပေးတယ်။ လက်ကမ်းစာစောင်တွေထုတ်ဝေပြီးတော့ အခွန်ထမ်းပြည်သူတွေ သိရှိစေအောင် ဖြန့်ဝေပေး တယ်”ဟု သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။ အခွန်ကိစ္စနှင့်ပတ် သက်၍ ရှင်လင်းတင်ပြခြင်းကို ကြိုဆိုသည်ဟုလည်း ပြည်သူအများစုက ဆိုသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်က “ဘယ်ဥပဒေပဲဖြစ်ဖြစ် ပြည်သူ့သဘောထားကို ကောက်ခံပြီး ပြုပြင်ပေးမယ်ဆိုတာ ကောင်းမွန်တဲ့ လမ်းကြောင်းတစ်ခုပါပဲ။ ပြည်သူတွေရဲ့ဆန္ဒအတိုင်း ဆောင်ရွက်ရင်တော့ အောင်မြင်မှာပါ။ နောင်ကိုလည်း ဒီလိုဆောင်ရွက်သွားမယ်ဆိုရင်တော့ ကောင်းမွန် တဲ့စနစ်တစ်ခု ပေါ်ပေါက်လာနိုင်မှာပါဟု ပြောသည်။

Most read this week