လုပ်သားများကို အီတာလျံ-ထိုင်း ဖိအားပေးမှု ဖြေရှင်းပေးရန် တောင်းဆို

လုပ်သားများကို အီတာလျံ-ထိုင်း ဖိအားပေးမှု ဖြေရှင်းပေးရန် တောင်းဆို

ထားဝယ်စီးပွားရေးဇုန် စီမံကိန်းရှိ အီတာလျှံ-ထိုင်းကုမ္ပဏီက မြန်မာအလုပ်သမားများကို လစာ အနည်း ငယ်သာပေးပြီး တစ်နှစ် စာချုပ်ဖြင့်ဆက်လက်လုပ်ကိုင်ရန် ဖိအားပေးမှုများကို ဖြေရှင်းဆောင်ရွက်ပေးရေး အလုပ်သမားခေါင်းဆောင် သုံးဦးက ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်စင်တာတွင် မတ်လ ၂၃ ရက်က သတင်းစာ ရှင်းလင်းပွဲပြုလုပ်ကာ တောင်းဆိုခဲ့သည်။

အီတာလျံ-ထိုင်းကုမ္ပဏီသည် ထားဝယ်စီးပွားရေးဇုန် စီမံကိန်းတွင် ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပြီး လက်ရှိတွင် မြန်မာလုပ်သား ၄၀၀ နှင့် ထိုင်းလုပ်သား ၂၀၀ ဦး ဆက်လက် လုပ်ကိုင်နေကြသည်ဟု မြန်မာ လုပ်သားခေါင်းဆောင်များက ပြောသည်။

“ တစ်နေ့ကို ကျပ်၃,၅၀၀ နဲ့ ဆက်လုပ်ဖို့ကို တစ်နှစ်စာချုပ်နဲ့ လက်မှတ်ထိုးခိုင်းတယ်။ လက်မှတ်ထိုး မပေးဘူး ဆိုရင် မဖြစ်မနေ အလုပ်ထုတ်ပစ်တယ်။ ဒီလို လုပ်နေတာကို တိုင်းဝန်ကြီးချုပ်ရုံးနဲ့ ထားဝယ်ခရိုင် အုပ် ချုပ်ရေးမှူးရုံးကို တိုင်ကြားစာတွေပေးပြီး အကြောင်းကြားခဲ့ပေမယ့် ဘာမှ ထူးခြားမှုမရှိခဲ့ဘူး” ဟု ရေနက် ဆိပ်ကမ်း အလုပ်သမားခေါင်းဆောင်က ကိုအောင်မျိုးသွင် ဆိုသည်။

အလုပ်ထုတ် အရေးယူသည့် အလုပ်သများ မည်မျှရှိသည်ကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည့် ခေါင်းဆောင် များက ပြောဆိုနိုင်ခြင်း မရှိပေ။ ထိုင်းနိုင်ငံသားများ၏ လစာနှုန်းထားအတိုင်း တန်းတူပေးမှသာလျှင် တစ်နှစ်စာချုပ်ဖြင့် ဆက်လက်လုပ်ကိုင်သွားမည်ဟု ဆိုသည်။အဆိုပါကုမ္ပဏီ ဖြတ်သိမ်းမည်ဆိုလျှင်လည်း မြန်မာအလုပ်သမားများကို လုပ်သက်အလိုက် လျော်ကြေးများရရှိရန် အစိုးရအနေဖြင့် စီစဉ်ဆောင်ရွက် ပေးစေချင်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောသည်။

“လက်ရှိမှာ ထိုင်းအလုပ်သမားက တစ်ရက်ကို ကျပ် ၁၈,၀၀၀ ရတယ်။ ကျွန်တော်တို့မှာ အရမ်းနည်းနေတယ်။ တိုင်းအစိုးရအနေနဲ့ ညှိနှိုင်းပေးစေချင်တယ်” ဟု အလုပ်သမားခေါင်းဆောင် ကိုအောင်မျိုးသွင်် ဆို သည်။

အီတာလျံ-ထိုင်းကုမ္ပဏီ တရားဝင် ထွက်ခွာသွားပြီဟု ကြေညာထားသော်လည်း ဆက်လက်လုပ်ကိုင်နေခြင်း အလုပ်သမားများ အခွင့်ရေး ချိုးဖောက်ခံနေရခြင်းတို့ နှင့် ပတ်သက်ပြီး မဇ္ဈိမသတင်းစာက ထားဝယ် ခရိုင်အုပ်ချုပ်ရေးမှူးရုံးနှင့် တနသာင်္ရီတိုင်းအစိုးရအဖွဲ့ ရုံးဖုန်းများကို ဆက်သွယ်ခဲ့သော်လည်း တယ်လီဖုန်း ဆက်သွယ်မှု မရရှိခဲ့ပေ။

Most read this week