ပါတီကိုထိခိုက်စေသည့် စကားလုံးများ သုံးနှုန်းခဲ့သည်ဟုဆိုကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကို တစ်ပတ်အတွင်းတရားစွဲဆိုသွားမည်ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဗဟိုအလုပ်အမှုဆောင်ဖြစ်သူ ဦးဉာဏ်ဝင်းက မတ်လ ၁၁ ရက် ညနေ ပိုင်းတွင် မဇ္ဈိမကို အတည်ပြုပြောကြားလိုက်သည်။
“တရားစွဲဖို့ အဆိုလွှာရေးသားနေပါတယ်။ အတည်ဖြစ်ပြီးရင် တရားစွဲမှာပါ။ ကျွန်တော်တို့ အဲဒါကို ဒီအ ပတ်ထဲမှာ အတည်ဖြစ်ဖို့ များပါတယ်။ အဆိုလွှာ အတည်ဖြစ်ဖို့ လုပ်နေပါတယ်”ဟု ၎င်းက ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြည်တွင်းမီဒီယာတစ်ခုနှင့် အင်တာဗျူးတွင် “အင်န်အယ်လ်ဒီမှာ ဒေါ်အောင်ဆန်းစုကြည်ကလွဲရင် ကျန်တဲ့ကောင်တွေ တစ်ကောင်မှ သောက်သုံးမကျဘူး။ ၂၀၁၅ မှာလည်း ကျွန်တော် ဒီရှုပ်ပါတီက ဦးမဲပါ၊ ကြံ့ ဖွံ့ပါတီက ဘူးလက်လှဆွေနဲ့ ပြိုင်ပါတယ်ဆိုပြီး ပုံကိုပြပြီးပြိုင်ပါ။ ဗိုလ်ချုပ်အောင်ဆန်းပုံ ဗီနိုင်းချိတ်ပြီးပြိုင် တာ သတ်္တိမရှိလို့ပဲ”ဟု ပြောဆိုထားမှုအပေါ် တရားစွဲရန် စီစဉ်ခြင်း ဖြစ်သည်။
တရားစွဲဆိုမည့် အသေးစိတ်အချက်အလက်များနှင့်ပတ်သက်ပြီး ပြောဆိုရန်ကိုမူ ဦးဉာဏ်ဝင်းက ငြင်းဆိုခဲ့သည်။
“ဒီဟာကို အလုပ်လုပ်နေတဲ့အချိန်မှာ အသေးစိတ်တော့ ကျွန်တော် မရှင်းနိုင်သေးဘူး။ ကျွန်တော်ပြော နိုင်တာက လွှတ်တော်ထဲမှာ ဖြစ်တဲ့ကိစ္စမဟုတ်ဘူး။ လွှတ်တော်အပြင်မှာ ဖြစ်တဲ့ကိစ္စ။ အဲဒီတော့ လွှတ် တော်နဲ့ မဆိုင်ဘူး”ဟု ၎င်းက ပြောသည်။
တရားစွဲဆိုရန် စီစဉ်နေမှုအပေါ် ကာယကံရှင်ဖြစ်သူ ဦးလှဆွေက “လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်ကို တရားစွဲချင်ရင် ဒီအတိုင်းစွဲလို့မရဘူး။ ဒါက တစ်ချက်ပေါ့နော်။ နောက်ပြီးတော့ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ကို အင်န်အယ်လ်ဒီက သဘောမကျဘူးလား မသိဘူး”ဟု မတ်လ ၄ ရက်က ပြည် ထောင်စုလွှတ်တော် အစည်းအဝေးနားချိန်တွင် သတင်းထောက်များကို ပြောသည်။
ယခုကဲ့သို့ တရားစွဲရန် အစီအစဉ်ရှိသည်ဟု မိတ်္ထီလာမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က မဇ္ဈိမကို ယခုလဆန်းပိုင်းတွင် ပြောဆိုထားဖူးသည်။