အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ည်ှိနှိုင်းဆောင်ရွက်ရေးအဖွဲ့တို့ တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲ ရေး သဘောတူညီ လက်မှတ်ရေးထိုးနိုင်ရန် ရေးဆွဲထားသော စာချုပ်မူကြမ်းများကို တိုက်ဆိုင်စစ်ဆေးရန် မတ်လ ပထမအပတ်အတွင်း တွေ့ဆုံမည်ဟု လုပ်ငန်းကော်မတီ၏ အကြီးတန်းအရာရှိ ဦးလှမောင် ရွှေက မဇ္ဈိမကို ဖေဖော်ဝါရီ ၂၃ တွင် ပြောသည်။
အပစ်အခတ်ရပ်စဲရေးအတွက် ဖေဖော်ဝါရီ ၂၂ နှင့် ၂၃ ရက်များတွင် တွေ့ဆုံ ဆွေးနွေးမည်ဟု စီစဉ်ထားသော်လည်း မတ်လပထမပတ်တွင်မှ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) တွင် တွေ့ဆုံမည် ဖြစ်သည်။
“ကျွန်တော်တို့ တရားဝင်စာထွက်ပြီ၊ မတ်လပထမပတ်မှာ တွေ့မယ်၊ တွေ့မှာကတော့ မူကြမ်းကို ထပ် ပြီးဆွေးနွေးမယ်၊ အခုကတော့ သေချာပါပြီ။ တရားဝင်စာရောက်နေပြီ”ဟု ဦးလှမောင်ရွှေက ဆိုသည်။
ထိုဆွေးနွေးပွဲပြီးပါက ဘားအံမြို့တွင် အစိုးရနှင့် NCCT တို့ ထပ်မံတွေ့ဆုံမည်ဖြစ်ကာ လော်ခီးလာဆွေး နွေးပွဲမှ တိုင်းရင်းသားတို့၏ သဘောတူညီချက်များကို အစိုးရနှင့် ထပ်မံပြောဆို ညှိနှိုင်းမည်ဖြစ်သည်။ ယင်းနောက်တွင်မှ နေပြည်တော်တွင် တစ်နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးကို သမ္မတအပါအဝင် သဘောတူ လက်မှတ်ရေးထိုးကြမည် ဖြစ်သည်။
ဘားအံဆွေးနွေးပွဲကို လော်ခီးလာညီလာခံအပြီးတွင် လုပ်ဆောင်ရမည်ဖြစ်သော်လည်း အစိုးရဘက်မှ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက အကြိုညှိနှိုင်းဆွေးနွေးပွဲ နှစ်ကြိမ်ပြုလုပ်ပြီးမှသာလျှင် ဘားအံတွင်ထပ် မံဆွေးနွေးမည်ဟု အဆိုတင်သွင်းခဲ့သည်ဟုလည်း ဦးလှမောင်ရွှေက ပြောသည်။ ဘားအံဆွေးနွေးပွဲကိုမူ မတ်လအတွင်း ပြုလုပ်မည်ဟု ပြောဆိုထားသည်။
အဆိုပါဆွေးနွေးပွဲနှင့်ပတ်သက်ပြီး NCCT အဖွဲ့ခေါင်းဆောင်(၁) ဖဒိုကွယ်ထူးဝင်းက “ရန်ကုန်မှာ လာ မယ့်ဆွေးနွေးပွဲမှာတော့ NCCT က အကုန်လာမှာမဟုတ်ဘူး။ ဆွေးနွေးမယ့်ပုဂ်္ဂိုလ်နည်းနည်းပဲ ပါမယ်၊ အခုဆွေးနွေးထားတာတော့ အခြေအနေကောင်းတယ်ပဲ ပြောရမယ်၊ နောက်ထပ်လာမယ့် ဘားအံပြီးရင် တော့ အပြီးသတ် လက်မှတ်ထိုးဖို့ကို မျှော်လင့်ပါတယ်”ဟု မဇ္ဈိမကို ပြောသည်။
တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေးနှင့် ပက်သက်၍ တိုင်းရင်းသားလက်နက် ကိုင်တစ်ဖွဲ့ချင်းစီနှင့် သီးသန့်ဆွေးနွေးခြင်းမရှိဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရ NCCT နှင့် ညှိနှိုင်းမှုများ လုပ်ဆောင်နေကာ အပစ်ရပ်ရေးအဆင့်ပြီး၍ နိုင်ငံရေးဆွေးနွေးပွဲသို့ သွားရာတွင် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့အစည်း တစ်ဖွဲ့ချင်းအလိုက် ပြည်နယ်အလိုက် လိုအပ်ချက်များကို ညှိနှိုင်းသွားမည်ဟု ဦး လှမောင်ရွှေက ပြောသည်။
“အခုလုပ်နေတဲ့ငြိမ်းချမ်းရေးက အကျိုးသက်ရောက်မှုမရှိဘူးလို့ ဝေဖန်တာတွေရှိတယ်။ မကြာတော့မယ် ကာလမှာ အပစ်ရပ်ရေးလုပ်လိုက်မယ်ဆိုရင် ပြည်သူတွေ စိုးရိမ်မှုကင်းကင်းနဲ့ စနေရပါတော့မယ်။နောက် နိုင်ငံရေးဆွေးနွေးပွဲကို သွားရင်တော့ တစ်ဖွဲ့ချင်းစီနဲ့ အခြေခံကောင်းကောင်းဖြစ်အောင် လုပ် ဆောင်သွားမှာပါ”ဟု ဆိုသည်။
တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ််ရပ်စဲရေး ဆောင်ရွက်နိုင်ရန် တိုင်းရင်းသား ခေါင်းဆောင်များ၏ ပထမအကြိမ်ညီလာခံကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာတွင် လိုင်ဇာ၌ ကျင်းပဆွေး နွေးခဲ့စဉ် NCCT အဖွဲ့ကို ဖွဲ့စည်းပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မူဘောင်ရေးဆွဲရန် တာဝန် ယူခဲ့သည်။
ဒုတိယအကြိမ် တိုင်းရင်းသားထိပ်သီးခေါင်းဆောင်များ ညီလာခံကိုမူ ဇန်နဝါရီ ၂၀ ရက်မှ ၂၅ ရက်အထိ ကရင်ပြည်နယ်၊ KNU နယ်မြေ တပ်မဟာ(၇)၊ လေးဝါး (ခေါ်) လော်ခီးလာတပ်စခန်းတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၇ ဖွဲ့မှ ကိုယ်စားလှယ်များ၊ အစိုးရဘက်မှ ဖိတ်ကြားထားသူများ၊ မြန်မာနိုင် ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး စသည်တို့မှ ကိုယ်စားလှယ်စုစုပေါင်း ၁၆၀ ဦးတို့ ဆွေးနွေး ခဲ့ကြပြီး NCCT က မူကြမ်းကို အပြီးသတ် သဘောတူညီနိုင်ခဲ့သည်။
တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ် လက်မှတ် ရေးထိုးပြီးပါက ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးဆွေးနွေးမှု မူဘောင်များရေးဆွဲကာ မူဘောင်ရေးဆွဲပြီး နောက်ပိုင်း နိုင်ငံရေးဆွေးနွေးပွဲများ ဆောင်ရွက်မည် ဖြစ်သည်။