မစ္စတာကင်တားနားနှင့် လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားသူခုနှစ်ဦး တံခါးပိတ်ဆွေးနွေး

မစ္စတာကင်တားနားနှင့် လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားသူခုနှစ်ဦး တံခါးပိတ်ဆွေးနွေး
by -
မဇ္ဈိမ

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာကင်တားနားသည် ဖေ ဖော်ဝါရီ ၁၇ ရက် မွန်းလွဲပိုင်းတွင် လက်ပံတောင်းဒေသသို့ ရောက်ရှိပြီး မုံရွာမြို့ ၀င်းယူနတီဟိုတယ် အစည်းအဝေးခန်းမတွင် လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားသူခုနစ်ဦးနှင့် တံခါးပိတ်ဆွေးနွေးသည်။

အဆိုပါခရီးစဉ်အတွင်း လက်ပံတောင်းစီမံကိန်းနယ်မြေအတွင်းရှိ မြန်မာဝမ်ပေါင်ကုမ္ပဏီသို့ သွားရောက် ခဲ့ပြီး ၂၀၁၂ နိုဝင်ဘာ ၂၉ သပိတ်စခန်းဖြိုခွင်းခံရစဉ်က မီးလောင်ဒဏ်ရာများရရှိခဲ့မှုကြောင့် အရေပြား အစားထိုး ဆေးကုသမှုခံယူခဲ့ရသည့် ဆရာတော် ဦးတိက္ခဉာဏ၊ ဆရာတော် ဦးဝိသုဒ္ဓနှင့်အတူ လက်ပံ တောင်းအရေး တက်ကြွလှုပ်ရှားသူ ၀က်မှေးရွာမှ မသွဲ့သွဲ့ဝင်း၊ တုံရွာမှ မစန္ဒာအပါအဝင် ဒေသခံခုနစ်ဦး နှင့် တံခါးပိတ်တွေ့ဆုံ ဆွေးနွေးခြင်းဖြစ်သည်။

“လက်ပံတောင်းတောင်စီမံကိန်းရဲ့ သတ္တုသိုက်ဗဟိုချက်မှာရှိတဲ့ တောင်ကြားစေတီနဲ့ လယ်တီသိမ်တော် ကို မရွှေ့ပြောင်းဖို့ မူလအနေအထားအတိုင်း တည်ရှိရေး ကင်တားနားကို ပြောပြတယ်”ဟု ဆရာတော် ဦးတိက္ခ ဉဏက ကင်တားနားနှင့် တွေ့ဆုံအပြီးတွင် မဇ္ဈိမကို မိန့်ကြားသည်။

မူလအစီအစဉ်အရ ကြေးနီစီမံကိန်းကြောင့် ရွှေ့ပြောင်းပြီးဖြစ်သည့် ၀က်မှေး၊ ဇီးတော၊ ကံတောရွာသစ် နှင့် ဆည်တည်းစီမံကိန်းရွာသစ်များသို့ သွားရောက်ကာ ဒေသခံပြည်သူများနှင့် တွေ့ဆုံရန် စီစဉ်ထား သော်လည်း အခါမဟုတ် အချိန်ကြာ မိုးရွာသွန်းမှုကြောင့် အစီအစဉ်များ ပျက်ပြယ်သွားသည်။

ကင်တားနားနှင့်တွေ့ဆုံစဉ် လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားသူ မသွဲ့သွဲ့ဝင်းက “မီးလောင်ဗုံး ကိစ္စအပါအဝင် လျော်ကြေးယူထားခြင်းမရှိတဲ့ မြေယာတွေပေါ်မှာ ကုမ္ပဏီက ခြံစည်းရိုးခတ်ထားတာ၊ နောက်ပြီး သဘာဝပတ်ဝန်းကျင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့် ဒေသခံတောင်သူတွေ လူအခွင့်အရေး ဆုံးရှုံးနစ်နာမှုတွေကို ဓာတ်ပုံတွေနဲ့တကွ ရှင်းပြလိုက်တယ်”ဟု မဇ္ဈိမကို ပြောသည်။

ခရီးစဉ်အတွင်း ကင်တားနားသည် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ၎င်း၏ခရီးစဉ်အတွင်း တွေ့ဆုံမှုများနှင့်ပတ်သက်၍ မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းမှုမရှိ ခဲ့သလို ဒေသခံများနှင့်တွေ့ဆုံမှုများတွင်လည်း မီဒီယာများ ၀င်ခွင့်မပေးဘဲ သီးသန့် တွေ့ဆုံခြင်းဖြစ် သည်။

မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၁၃ ရက်တွင် ရောက်ရှိလာသည့် ကင်တာနားသည် ရခိုင်ပြည်နယ်သို့ သွား ရောက်ခဲ့ပြီး၊ ရန်ကုန်မြို့တွင်လည်း ၈၈ မျိုးဆက်အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံရှိ ကုလ သမဂ္ဂရုံးတွင်လည်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့်လည်း တွေ့ဆုံခဲ့သည်။

 ဖေဖော်ဝါရီ ၁၆ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားသို့ သွားရောက်ကာ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုး ရအဖွဲ့တို့ကိုတွေ့ဆုံပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အို)ဌာနချုပ်ရှိရာ လိုင်ဇာသို့လည်း သွားရောက်ခဲ့သည်။

ကချင်ခရီးစဉ်မှအပြန်တွင် မန္တလေး၊ တံတားဦးလေဆိပ်မှတစ်ဆင့် လက်ပံတောင်းဒေသသို့ သွားရောက် ခဲ့ပြီး ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်သည် ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။