မြန်မာနိုင်ငံတွင် ယခုနှစ်ထဲ၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်ရာ၊ ထိုအစီအစဉ်သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးများအတွက် အထူးအရေးကြီးသည့်ကာလမျိုးတွင် တင်းမာမှုများမြင့်တက်လာစေနိုင်သည့် အန္တရာယ်ရှိကြောင်း နိုင်ငံတကာပဋိပက္ခများ လေ့လာစောင့်ကြည့်ရေးအဖွဲ့(ICG) က ဆိုသည်။
မြန်မာနိုင်ငံတစ်ဝန်းတွင် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်အထိ ပြုလုပ်မည့် သန်းခေါင်စာရင်းလုပ် ငန်းစဉ်သည် အန္တရာယ်များနှင့်အတိပြီးကာ အမြော်အမြင်ကင်းမဲ့သည်ဟု ဘရပ်ဆဲလ်မြို့အခြေစိုက် နိုင် ငံတကာပဋိပက္ခများ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) က ဖေဖော်ဝါရီ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာထဲတွင် ဆိုထားသည်။
“အဓိကကျသော မေးခွန်းများကိုသာ ဦးစားပေး မေးမြန်းမည့် ပုံစံမျိုးဖြစ်အောင် မြန်မာနိုင်ငံ၏ သန်းခေါင် စာရင်းလုပ်ငန်းစဉ်ကို အလျင်အမြန် ပြင်ဆင်ပြောင်းလဲသင့်ကာ မလိုအပ်ဘဲ အမုန်းပွားစိတ် ၀မ်းကွဲစေ မည့် လူမျိုး၊ ဘာသာ၊ နိုင်ငံသား အဆင့်အတန်း စသည့် အချက်အလက်များအား မေးမြန်းကောက်ခံခြင်း ကို ပိုမိုအဆင်ပြေမည့် အချိန်ကာလတစ်ခုရောက်သည်အထိ ဆိုင်းငံ့ထားသင့်ပါသည်”ဟု ICG က ဆို သည်။
ထိုကဲ့သို့ ဆိုင်းငံ့ထားခြင်းအားဖြင့်၊ မြန်မာအစိုးရ၊ ကုလသမဂ္ဂနှင့် အလှူရှင်များက လက်ရှိသန်းခေါင်စာ ရင်းကောက်ယူမှု အစီအစဉ်ကြောင့် ဆိုးရွားပြင်းထန်သော ဖြစ်နိုင်ခြေများရှိနေသည်ဆိုသည့် အချက်အ ပေါ် သတိထားဆင်ခြင်မိကြောင်း ပြသနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ အရေးကြီးလှသော အုပ်စုအ များအပြားက ထုတ်ဖော်ပြောဆိုနေကြသည့် လေးနက်သောသံသယများအပေါ် တုံ့ပြန်လိုစိတ်ရှိကြောင်း လည်း ပြသရာရောက်သည်ဟု ICG အဖွဲ့က ဆိုသည်။
နိုင်ငံတော်စီမံကိန်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မှန်ကန်တိကျသော အချက်အလက်များ စုဆောင်း နိုင်ရေးမှာ အရေးကြီးကြောင်း ICG အဖွဲ့၏ အစီရင်ခံစာထဲတွင် အသိအမှတ်ပြု လက်ခံထားသော်လည်း၊ လက်ရှိ သန်းခေါင်စာရင်းကောက်ယူမှှု အစီအစဉ်တွင် မေးခွန်း ၄၁ ခု ပါ၀င်နေကာ မလိုအပ်လှသော အသေးစိတ်အချက်အလက်များလည်း ပါ၀င်နေသဖြင့် အန္တရယ်ရှိကြောင်း ထောက်ပြထားသည်။
“မြန်မာနိုင်ငံမှာ ဒေသတွင်းတွင် လူမျိုးအစုံလင်ဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး၊ လူမျိုးရေးကိစ္စမှာ ရှုပ်ထွေးကာ နိုင်ငံရေးအရလည်း အထိခိုက်မခံသော ကိစ္စရပ်ဖြစ်သလို၊ မြန်မာအစိုးရက နိုင်ငံရေး ရည်ရွယ်ချက်များ အတွက် လူမျိုးစုကိစ္စရပ်များဖြင့် နိုင်ငံရေးကစားခဲ့သည်ဟု လူမျိုးစုများက ယခင်ကတည်းက ယုံကြည် နေခဲ့ကြသည်”ဟု ICG က ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံသည် စစ်အာဏာရှင်အုပ်ချုပ်ရေးမှ ဒီမိုကရက်စီအုပ်ချုပ်ရေးပုံစံသို့ နိုင်ငံရေး အသွင် ကူးပြောင်းနေလျက်ရှိသော်လည်း၊ မြန်မာနိုင်ငံ၏ အစွန်အဖျားပိုင်းဒေသများတွင် ဆယ်စုနှစ်များအတွင်း ထပ်ခါထပ်ခါ ဖြစ်ပွားခဲ့သည့် လူမျိုးရေးပဋိပက္ခများ အဆုံးသတ်သွားရေးကိစ္စတွင် ရုန်းကန်နေရသည်”ဟု ICG က ဆိုသည်။
ပြီးခဲ့သည့်လများအတွင်းက၊ ပြင်းထန်လှသော ဗမာ-ဗုဒ္ဓဘာသာ အမျိုးသားရေးလှှုပ်ရှားမှှုများသည် မွတ် စလင်လူနည်းစုများအား ပြင်းထန်စွာ တိုက်ခိုက်မှှုအဆင့်သို့ ဦးတည်သွားခဲ့သည်ကို တွေ့ခဲ့ရသည်ဟု လည်း ICG ၏ အစီရင်ခံစာထဲတွင် ရေးသားထားသည်။
သန်းခေါင်စာရင်းကောက်ယူမှှု လုပ်ငန်းစဉ်တွင် အသုံးပြုမည့် တိုင်းရင်းသားအမျိုးအစား သတ်မှတ်ရေး စနစ်တွင်လည်း အားနည်းချက်များစွာရှိနေကြောင်း ICG က ဝေဖန်ခဲ့သည်။ ထိုစနစ်သည် ၁၉၈၀ ပြည့် လွန်နှစ်များက သတ်မှတ်ခဲ့သည့် တိုင်းရင်းသားမျိုးနွယ် စုစုပေါင်း ၁၃၅ မျိုးရှိသည်ဟူသည့် အယူအဆ ဟောင်းကို အခြေခံထားသဖြင့် ဝေဖန်မှှုများလည်း ရှိနေသည်ဟု ICG က ဆိုသည်။
ထိုစနစ်ဟောင်းတွင် အားနည်းချက်များစွာရှိကြောင်းကို ချင်းလူမျိုးကို ဥပမာပေး၍ ICG က ထောက်ပြ ထားသည်။ ချင်းလူမျိုးအောက်တွင် မျိုးနွယ်စုများ အများအပြားထပ်ခွဲထားကာ ထိုကဲ့သို့ ခွဲခြားထားသည့် စနစ်မှာ ယဉ်ကျေးမှုနှင့် ဘာသာစကားအခြေခံပေါ်တွင် ခိုင်လုံစွာ အခြေခံထားခြင်းလည်း မရှိကြောင်းနှင့် သီးခြားလူမျိုးစု လက္ခဏာများရှိကြသော မတူညီသည့် အုပ်စုများကို အုပ်စုတစ်ခုထဲတွင် အတူတကွ ထည့်သွင်းထားခြင်းလည်း ရှိကြောင်း ICG က ဆိုခဲ့သည်။
“ပလောင်၊ လားဟူ၊ အင်းသား အစရှိသည့် ရှမ်းပြည်နယ်က လူမျိုးစုတော်တော်များများသည် လူမျိုးစုအ ရနှင့် ဘာသာစကားအရ ဆက်စပ်မှုမရှိဘဲ ရှမ်းလူမျိုးဟူသည့် ခေါင်းစဉ်အောက်တွင် ထည့်သွင်းခြင်းခံရ သည်”ဟု အစီရင်ခံစာက ထောက်ပြထားသည်။
“သန်းခေါင်စာရင်းအစီအစဉ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ထားသည့် ကြေညာချက်များကို တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပါအဝင် အဖွဲ့တော်တော်များများက ထုတ်ပြန်ခဲ့ကြပြီး သန်းခေါင်စာရင်းအစီအစဉ်ကို ဆိုင်းငံ့၍ တိုင်းရင်းသားများနှင့် ဆွေးနွေးတိုင်ပင်ကာ တိုင်းရင်းသားအမျိုးအစား သတ်မှတ်မှှုကို ပြန်လည် ပြုလုပ်သင့်ကြောင်း အချို့အဖွဲ့များက အကြံပြုခဲ့ကြ သည်”ဟု ICG ၏ အစီရင်ခံစာထဲတွင် ပါရှိသည်။