ဆည်မြောင်းရေမြုပ် လယ်ယာမြေများ ဆုံးရှုံးမှုအပါအဝင် ရေမြုပ်ကျေးရွာများ ရွှေ့ပြောင်းနေရာချထား ခြင်း အဆင်မပြေမှုများကြောင့် မကွေးတိုင်း၊ စေတုတ္ထရာမြို့နယ်ရှိ ကျေးရွာ ၂၁ ရွာမှ တောင်သူလယ်သ မား ရ၀၀ ကျော်တို့သည် စေတုတ္ထရာမြို့နယ်၊ ဆင်မီးချောင်းသောင်ပြင်၌ ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်း တွင် ဆန္ဒပြ တောင်းဆိုမှုများပြုလုပ်ကာ မြို့နယ် NLD ရုံးသို့ ကြွေးကြော်သံများဖြင့် ချီတက်ခဲ့ပြီး ဟော ပြောပွဲများပြုလုပ်ကြောင်း မကွေးတိုင်း NLD ပါတီ တောင်သူလယ်သမားကော်မတီဥက္ကဋ္ဌ ဦးနေမျိုးကျော် က မဇ္ဈိမကို ပြောသည်။
“မုန်းတမံနဲ့ ကြီးအုံကြီးဝတမံတို့ ရေမြုပ်လယ်ယာတွေ ယခင်က လျော်ကြေးပေးတာ တစ်အိမ်ထောင် ငါး ထောင်ကျပ်နှုန်းသာ ပေးခဲ့တာပါ။ ငွေလျော်ကြေးထက် ရေမြုပ်ရွာတွေကို ကုန်းခေါင်ခေါင်မှာ ရွှေ့ပြောင်း ထားတော့ လုပ်စားစရာမြေယာတွေမရှိလို့ သစ်တောစိုက်ခင်းမှာ တောင်ယာလုပ်တော့လည်း သစ်တောနဲ့ ပြဿနာတက်ကြတယ်။ ယခင်က တောင်သူတွေ ယခု တံငါသည်တွေဖြစ်နေကြပြီ၊ ရတဲ့ငါးကို ရောင်း စားဖို့လည်း ၀ယ်သူမရှိပါဘူး၊ ရွှေ့ပြောင်းရွာတွေမှာ သန့်ရှင်းတဲ့ သောက်သုံးရေအတွက်လည်း ခက်ခဲနေ ပါတယ်။ ဘာသာရေးအတွက်လဲ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေမရှိဘူး”ဟု ၎င်းက ပြောသည်။
ဆည်ရေမြုပ်တောင်သူများ၏ အခက်အခဲများကို မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသ ကြီးအစိုးရအဖွဲ့သို့ တင်ပြသော်လည်း ဆောင်ရွက်မပေး၍ ဇန်နဝါရီ ၁၃ ရက်က ရေမြုပ်တောင်သူများကိုယ်စား တောင်သူဦးစိန်မောင်(၅၄)နှစ် နာမည်ဖြင့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့် လည်ခွင့်ရရှိရန် စေတုတ္ထရာမြို့နယ်ရဲတပ်ဖွဲ့ထံ တင်ပြခဲ့သော်လည်း၊ ဇန်နဝါရီ ၁၆ ရက်က ငြင်းပယ်ခံရ ကြောင်း၊ ထို့ကြောင့် မြို့နယ် NLD ပါတီရုံးသို့ တောင်သူများ ချီတက်၍ ဟောပြောပွဲနှင့် ကြွေးကြော်သံ များပြုလုပ်ခဲ့ကြောင်း NLD ပါတီ တောင်သူလယ်သမားကော်မတီအဖွဲ့ဝင် ဦးကျော်အောင်လွင်က ဆိုသည်။
လက်ရှိဖြစ်ပေါ်နေသည့် ရေမြုပ်လယ်ယာမြေများ၊ ရွှေ့ပြောင်းကျေးရွာများ၏ အခက်အခဲများကို အဆင့် ဆင့်တင်ပြထားသော်လည်း ထိရောက်သည့်ဖြေရှင်းမှုများ ဆောင်ရွက်နိုင်ခြင်းမရှိဟုလည်း ၎င်းက ဆက် ပြောသည်။
“ဒေသခံ မြို့နယ်/ခရိုင်/တိုင်း အစိုးရတို့ရဲ့ ဆေးမြီးတိုစနစ်နဲ့ စီမံခန့်ခွဲဆောင်ရွက်နေလို့ လုံးဝ အဆင်ပြေ မယ်မထင်ပါဘူး၊ သမ္မတဦးသိန်းစိန် ဦးဆောင်ပြီး ပြည်ထောင်စုအဆင့်က လာရောက်စစ်ဆေးကြည့်ရှုပြီး စီမံဆောင်ရွက်မှသာ အားလုံးအဆင်ပြေကြမှာပါ”ဟု ဦးနေမျိုးကျော်က ပြောသည်။
ဟောပြောပွဲတွင် မကွေးတိုင်း NLD ပါတီ တောင်သူလယ်သမားကော်မတီဥက္ကဋ္ဌ ဦးနေမျိုးကျော်၊ အဖွဲ့ ၀င်ဦးကျော်အောင်လွင်တို့မှ ဦးဆောင်ဟောပြောပြီး တက်ရောက်လာသူ တောင်သူအမျိုးသမီးတစ်ဦးနှင့် တောင်သူအမျိုးသားတစ်ဦးတို့က လက်တွေ့ရင်ဆိုင်နေရသည့် ရေမြုပ်တောင်သူများ၏ ဒုက္ခများကို ရှင်းလင်းသည်။