မြန်မာနိုင်ငံအခြေစိုက် ဗြိတိန်သံရုံးက ကမကထပြုလုပ်ကာ မြန်မာတပ်မတော်အရာရှိများကို ဇန်နဝါရီလ ၆ ရက်မှ စတင်၍ ကာကွယ်ရေးနှင့်ပတ်သက်သည့် သင်တန်းပေးလျက်ရှိရာ နှစ်နိုင်ငံတပ်မတော် ဆက်ဆံရေးကို တိုးတက်စေပြီး မြန်မာ့ပြုပြင်ပြောင်းလဲရေးအတွက် အထောက်အကူဖြစ်စေမည်ဟု ဗြိတိန်သံရုံး၏ စစ်သံမှူး ဗိုလ်မှူးကြီးတိုနီစတန်က ပြောသည်။
“ဗြိတိန်အနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးတိုးတက်မှုတွေကို အသိအမှတ်ပြုပါတယ်။ နိုင်ငံတကာ စံချိန်စံညွှန်းတွေအပေါ် အခြေခံပြီး တပ်မတော်နှစ်ခုကြား ပိုမိုကောင်းမွန်တဲ့ဆက်ဆံရေးတစ် ခုဖြစ်ပေါ်လာတာဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို အထောက်အကူပြုမှာ ဖြစ်ပါတယ်”ဟု တိုနီစတန်က ပြောသည်။
နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်တွင် ပြုလုပ်လျက်ရှိသည့် ဗြိတိန်နိုင်ငံ ကာကွယ်ရေးအကယ်ဒမီ သင်တန်းကျောင်းမှ သင်တန်းဆရာများက မြန်မာ့တပ်မတော်အရာရှိများကို သင်တန်းပေးနေမှုကို ရည် ညွှန်းပြောဆိုခြင်းဖြစ်သည်။ ပို့ချလျက်ရှိသည့် သင်တန်းများသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာ လ မြန်မာနိုင်ငံအတွက် အထောက်အကူ များစွာဖြစ်စေမည်ဟုလည်း ဗိုလ်မှူးကြီးတိုနီစတန်က ပြော သည်။
“ဒီသင်တန်းက လွန်ခဲ့တဲ့ ၁၄ နှစ်အတွင်း နိုင်ငံပေါင်း ၆၀ ကျော်မှာ သင်လာခဲ့ပါတယ်။ ဒီမိုကရေစီအကူး အပြောင်းကာလမှာ လုံခြုံရေးနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေအတွက် လက်တွေ့ကျတဲ့ အကြံဉာဏ်တွေနဲ့ တန်ဖိုးရှိတဲ့ သင်ခန်းစာတွေကို ဖြည့်ဆည်းပေးတဲ့ ဘာသာရပ်တစ်ခုဖြစ်ပါတယ်”ဟု ပြောသည်။
သင်တန်းကို ဇန်နဝါရီ ၆ ရက်မှ စတင်သင်ကြားပေးလျက်ရှိရာ သင်တန်းကာလမှာ နှစ်ပတ်ကြာမြင့်မည် ဖြစ်သည်။ သင်တန်းသို့ မြန်မာ့တပ်မတော်မှ ဗိုလ်မှူးချုပ်အဆင့်ရှိ အရာရှိ ၂၂ ဦးနှင့် အစိုးရနှင့် အခြားအ ဖွဲ့အစည်းများမှ အကြီးတန်းအရာရှိ ရှစ်ဦးတို့ တက်ရောက်လျက်ရှိသည်။
သင်တန်းသည် အသွင်ကူးပြောင်းသည့် ဒီမိုကရေစီခေတ်တွင် အုပ်ချုပ်မှု၊ တာဝန်သိတတ်မှုနှင့် ပွင့်လင်း မြင်သာမှုရှိမှု၊ နိုင်ငံတကာလူ့အခွင့်အရေးများနှင့် လူ့အခွင့်အရေးနှင့်ဆိုင်သည့် ဥပဒေများ စသည်တို့ကို သင်ကြား ဆွေးနွေးပေးခြင်းဖြစ်သည်။ လုံခြံုရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး ပြည်တွင်းဥပဒေမူဝါဒများ၊ ခေါင်းဆောင်မှုစွမ်းရည်များ၊ လုံခြံုရေးကဏ္ဍပြောင်းလဲရေး လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးမှုများ ပါ၀င်သည်။