တပ်မတော်သားကိုယ်စားလှယ်တို့ ဖွဲ့စည်းပုံပြင်ဆင်ရေး အစီရင်ခံစာတင်မည်

တပ်မတော်သားကိုယ်စားလှယ်တို့ ဖွဲ့စည်းပုံပြင်ဆင်ရေး အစီရင်ခံစာတင်မည်
by -
မဇ္ဈိမ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်သင့်မပြင်သင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားနှင့် အကြံပြုစာများကို ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ ဒီဇင်ဘာ ၁၅ ရက်တွင် နောက်ဆုံးထား ပေးပို့သွားမည်ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်ဝေလင်း က ဒီဇင်ဘာ ၁ ရက်တွင် မဇ္စျိမကို ပြောသည်။

“မှန်မှန်ကန်ကန်နဲ့ ပြင်သင့်တယ် မပြင်သင့်ဘူးဆိုတာတွေ အကြံပြုဖို့ တပ်မတော်က ဆန္ဒရှိပါတယ်။ ဖွဲ့ စည်းပုံ လေ့လာသုံးသပ်ရေးကော်မတီကို တပ်မတော်က ဘာမှမတင်ပြဘူးဆိုတာ မဟုတ်ပါဘူး” ဟု မဇ္ဈိမကို ပြောသည်။

သို့သော် ဖွဲ့စည်းပုံ ပြင်ဆင်ရာတွင် သမ္မတနှင့် ဒု-သမ္မတများ၏ အရည်အချင်း သတ်မှတ်ချက်ဆိုင်ရာ ပုဒ်မ ၅၉(စ)၊ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ပတ်သက်၍မူ လတ်တလော မှတ်ချက်ပြုရန်မရှိဟု ဗိုလ်ချုပ်ဝေလင်းက ဆိုသည်။

“အစီရင်ခံစာတင်ပြီးတော့ ပြင်တဲ့ အချိန်ရောက်ရင် ဘာအကြောင်းတွေကို ပြင်ဖို့ တပ်မတော်က တင်ထား လဲဆိုတာကို ရှင်းပြပေးမှာပါ” ဟု ဗိုလ်ချုပ်ဝေလင်းက ပြောသည်။

ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၁၀၉ ဦးဖြင့် ဖွဲ့စည်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံလေ့လာသုံး သပ်ရေး ပူးပေါင်းကော်မတီတွင်လည်း တပ်မတော်သားကိုယ်စားလှယ် ၂၅ ဦး ပါ၀င်နေခြင်းသည် ပူး ပေါင်းကော်မတီတွင် ဒုတိယမြောက် အင်အားအကြီးဆုံးဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၅၂ ဦးဖြင့် အများဆုံးပါ၀င်နေသည်။

ပြည်ထောင်စုလွှတ်တော်ရှိ ပါတီ အသီးသီး၏ ကိုယ်စားပြုမှုအချိုးဖြင့် ဖွဲ့ စည်းထားသည့် ပူးပေါင်းကော် မတီ၏ တတိယအကြီးဆုံးအင်အားစုမှာမူ ခုနစ်ဦးဖြင့်သာ ပါ၀င်ခွင့်ရထားပြီး ယင်းသည် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဖြစ်သည်။

အဆိုပါ ပူးပေါင်းကော်မတီတွင် ဗိုလ်မှူးချုပ်တင်ဆန်းနိုင်က တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့၏ ခေါင်း ဆောင်အဖြစ် တာဝန်ယူထားပြီး ဗိုလ်မှူးချုပ် ခင်မောင်အေးက ဒုတိယခေါင်းဆောင်အဖြစ် တာဝန်ယူ ထားသည်။