မန္တလေးတိုင်း အောင်မြေသာစံမြို့နယ် အိုးဘိုရွှေကျင်ရပ်တာရိုးဘေးရှိ နေအိမ်တစ်လုံးကို သံသယရှိသဖြင့် မှုခင်းရဲ တပ်ဖွဲ့က စက်တင်ဘာ ၆ ရက် ည ရ နာရီခန့် တွင် ၀င်ရောက်ရှာဖွေရာ ငါးထောင်ကျပ်တန်နှင့် တစ်ထောင်ကျပ််တန် ငွေစက္ကူအတုများ ဖမ်းဆီးရမိကြောင်း ရဲဌာနက ထုတ်ပြန်သည်။
အိမ်ရှင်၏ အကျႌအိတ်အတွင်းမှ ငါးထောင်ကျပ်တန် ငွေအတုနှစ်ရွက်နှင့် တစ်ထောင်ကျပ်တန် ငွေအတု ငါးရွက်တို့ကို ရဲများက ရှာဖွေတွေ့ရှိ ခဲ့သောကြောင့် အိမ်အတွင်း၌ ဆက်လက်ရှာဖွေကြရာ ဆာလာအိတ်ဖြင့် ထည့်ပြီး ဂွမ်းစောင်ဖြင့် ပတ်ထားသော တစ်ထောင်ကျပ်တန်ငွေအတု ၅၀၀ ရွက်နှင့် ငါးထောင်ကျပ်တန်ငွေ အတု ၆၀ ရွက်တို့ သိမ်းဆည်းရမိ ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ထို့ကြောင့် အိမ်ရှင်ဖြစ်သူ အမျိုးသားကို မန္တလေးအမှတ် ၂ ရဲစခန်းက အမှုအမှတ် (ပ)၂၃၂/၂၀၁၃ ဖြင့် အမှုဖွင့် ထားပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၈၉(ခ) /၄၈၉(ဂ)ဖြင့် တရားစွဲဆိုမည်ဖြစ်ပြီး လက်ရှိတွင် အမှတ် ၁၃ မှုခင်းတပ်ဖွဲ့ စုမှ ရဲများကသံသယရှိသူကို စစ်ဆေးနေကြောင်း ရဲစခန်းမှ စုံစမ်းသိရှိရသည်။