ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် သြဂုတ် ၂၆ ရက်တွင် ကျရောက်သည့် နိုင်ငံတော်ဘာသာနေ့ အခမ်းအနားကို လုံခြံုရေး တင်းကျပ်စွာ ကျင်းပခဲ့ရကြောင်း မြို့နယ် စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့၏ အတွင်းရေးမှူး ဆရာတော် အရှင်ကောသလ္လက မဇ္ဈိမကို မိန့်သည်။
၁၉၆၁ခုနှစ်၊ သြဂုတ် ၂၆ ရက်တွင် ထိုစဉ်က သမ္မတ မန်းဝင်းမောင်က ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့သည်ကိုယူ၍ သံတွဲမြို့တွင် ရဟန်းတော်များက ၅၂ နှစ်မြောက် နိုင်ငံတော်ဘာ သာနေ့ အထိမ်းအမှတ်အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။
“ဒီကနေ့ သံတွဲမှာကျင်းပတဲ့ နိုင်ငံတော်ဘာသာနေ့ ကျင်းပတဲ့နေရာမှာ လုံခြံုရေးတပ်ဖွဲ့ဝင်အင်အား တစ်ရာ ကျော် ချထားတာ တွေ့ရတယ်။ မတူကွဲပြားတဲ့ ဘာသာတွေကြားမှာ တင်းမာမှုတွေရှိနေတာမို့ ပွဲကျင်းပရာမှာ အနှောင့် အယှက် ဖြစ်မှာ စိုးရိမ်တာကြောင့်နဲ့ တူပါတယ်” ဟု အရှင်ကောသလ္လက ဆက်မိန့်သည်။
ပွဲတော်မကျင်းပမီ တစ်ရက်အလိုကလည်း သံတွဲမြို့ရှိ ဘာသာခြားများ၏ နေအိမ်များကို သာသနာ့အလံများ လိုက်လံ ထိုးစိုက်နေသည်၊ မြို့ပေါ်ရှိ ဘာသာခြားများကိုလည်း ရဟန်းတော်များက အတင်းအကျပ် ရဟန်းဝတ်ပေးနေသည် စသည်ဖြင့် ကောလာဟလများ ထွက်ပေါ်နေသဖြင့် ရဟန်းတော်များက ကြေ ညာချက်တစ်စောင်ကို ထုတ်ပြန်၍ ရှင်းလင်းခဲ့ရသေးသည်။
နိုင်ငံတော်ဘာသာနေ့တွင် သံတွဲတစ်မြို့နယ်လုံးမှ ရဟန်းတော် လေးရာကျော်နှင့် လူအင်အား သိန်းချီ၍ ပါ၀င်ခဲ့သည် ဟု ဒေသခံတို့က ပြောသည်။
“နေ့လည် ၁ နာရီကနေ၂ နာရီထိ လေးမျက်နှာဓမ္မာရုံမှာ သံဃာတော်အပါး ၄၀၀ နဲ့ ကျင်းပခဲ့တယ်။ အဲဒီမှာရောက်ရှိလာတဲ့ ပုဂ်္ဂိုလ်တွေကို ငါးပါးသီလပေးပြီးတော့၊ ပရိတ်ကြီး ၁၁ သုတ်ကို ရွတ်ကြတယ်။၂နာရီ ကနေ ၄ နာရီခွဲ ထိ သံဃာတော်တွေ မြို့တွင်း လှည့်လည် ဆွမ်းခြောက်ခံတဲ့အခါ လမ်းတစ်လျှောက်မှာ သိန်းနဲ့ချီတဲ့ပြည်သူတွေက ၀မ်းပန်းတသာ လောင်းလှူကြတယ်” ဟု ရခိုင်လူမှုကွန်ရက်မှ ဦးမြင့်မိုးက ပြန်ပြောပြသည်။
သံဃာတော်များက ဆွမ်းဆန် လှည့်လည် အလှူခံရာတွင် ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ် တော်များ ကို ရွတ်ဖတ်ခဲ့ကြသေးသည်ဟုလည်း သူက ဆက်ပြောသည်။
အမြင်မတူသော လူအုပ်စုနှစ်ခုကြား တင်းမာမှုများကြောင့် သံတွဲမြို့တွင် ဇွန် ၂၉ ရက်မှစ၍ ညနေ ရ နာ ရီမှ နံနက် ရ နာရီထိ ညမထွက်ရအမိန့်ကို အာဏာပိုင်များက ထုတ်ပြန်ထားခဲ့သည်။