ပြည်တွင်းတွင် မိုဘိုင်းဖုန်းအသုံးပြုသူ ၅ ဒသမ ၂ သန်းကျော်ရှိ အိမ်ထောင်တစ်စုလျှင် မိုဘိုင်းဖုန်းတစ်လုံး အသုံးမပြုနိုင်သေး

ပြည်တွင်းတွင် မိုဘိုင်းဖုန်းအသုံးပြုသူ ၅ ဒသမ ၂ သန်းကျော်ရှိ အိမ်ထောင်တစ်စုလျှင် မိုဘိုင်းဖုန်းတစ်လုံး အသုံးမပြုနိုင်သေး
by -
မဇ္ဈိမ

ပြည်တွင်းတွင် မိုဘိုင်းဖုန်းအသုံးပြုသူ ၅ ဒသမ ၂ သန်းကျော်ရှိလာပြီဖြစ်ပြီး ပြည်တွင်းအိမ်ထောင်စု တစ်စုလျှင် မိုဘိုင်းဖုန်းတစ်လုံးသုံုးစွဲနိုင်သည့်အခြေအနေ မရှိသေးကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ သြဂုတ် ၁၈ ရက် ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းအသုံးပြုမှုမှာ ပြီးခဲ့သည့်ဇူလိုင်လအထိ ချထားပေးခဲ့သည့် တန်ဖိုးနည်းမိုဘိုင်း ဖုန်းအရေအတွက် ၁ ဒသမ ၄ သန်းချထားပေးမှုပြီးစီးသည့်အချိန်အထိ အလုံးရေ စုစုပေါင်း ၅ ဒသမ ၂ သန်းကျော်ရှိလာပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၈ ဒသမ ရ သန်းကျော်ရှိသည့်အတွက် အိမ်ထောင်စု ၁ ဒသမ ရ စုလျှင် မိုဘိုင်းဖုန်း တစ်လုံးသာ ကိုင်ဆောင်နိုင်သေးခြင်းဖြစ်သည်ဟု ဆက်သွယ်ရေး၏ သတင်းထုတ် ပြန်ချက်တွင်
ဖော်ပြပါရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တန်ဖိုးနည်းဖုန်းများကို ယခုနှစ် ဧပြီလမှ စတင်၍ ကျပ် ၁၅၀၀ ဖြင့် ရောင်းချ
ပေးခဲ့ပြီး ယခု သြဂုတ်လအတွက် တန်ဖိုးနည်းဖုန်း အလုံးရေ ၃၆၀,၀၀၀ ကို သြဂုတ် ၂၃ ရက် တွင် ရောင်းချပေးမည်ဖြစ်သည်ဟုလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

သြဂုတ်လအတွက် မိုဘိုင်းဖုန်းဆင်းမ်ကတ်များ ချထားပေးမှုတွင် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ် မိုဘိုင်းဖုန်း ၁၅၀,၀၀၀ နှင့် ဂျီအက်စ်အမ်မိုဘို်င်းဖုန်း ၂၁၀,၀၀၀ ဖြစ်ပြီး စုစုပေါင်း အလုံးရေ ၃၆၀,၀၀၀ ချထားပေး မည်ဖြစ်သည်။

သြဂုတ်လအတွက် မိုဘိုင်းဆင်းမ်ကတ်များ ချထားပေးရာတွင် ရန်ကုန်တိုင်းတွင် မိုဘိုင်းဆင်းမ်ကတ် အရေအတွက် ၆၉,၈၀၀ ဖြင့် အများဆုံးချထားပေးမည်ဖြစ်ပြီး အနည်းဆုံးချထားပေးမည့်ပြည်နယ်မှာ ကယားပြည်နယ်ဖြစ်ကာ မိုဘိုင်းဆင်းမ်ကတ် ၁၅၀၀ အထိသာ ချထားပေးမည်ဖြစ်သည်။

ယခုလအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းဆင်းမ်ကတ်ချထားပေးမည့်စာရင်းများ ထုတ်ပြန်ရာတွင်ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ် ဖုးချထားပေးမည့်စာရင်းနှင့် ဂျီအက်စ်အမ်ဖုန်း ချထားပေးမည့်စာရင်းများကို တိတိကျကျထုတ်ပြန်ပေးထားပြီး တစ်နိုင်ငံလုံးတွင် ချထားပေးမည့် စာရင်းကို အတိအကျ ဖော်ပြပေးထားသည်။

ကျပ် ၁၅၀၀ ဖြင့် မိုဘိုင်းဖုန်းများ ချထားပေးရာတွင် ဂျီအက်စ်အမ်မိုဘိုင်းဖုန်းများကို ပြီးခဲ့သည့် ဇူလိုင်လမှ စတင်ချထားပေးခဲ့ခြင်းဖြစ်ပြီး စျေးကွက်အတွင်း ကျပ်သိန်းဂဏန်းကျော်ပေါက်စျေးဖြင့် ရောင်းချနေသည်။

ပြင်ပမိုဘိုင်းဆင်းမ်ကတ်စျေးကွက်နှင့် ပတ်သက်၍  Mr.Fone မိုဘိုင်းအရောင်းဆိုင်မှ အထွေထွေမန်နေဂျာ ကိုထက်လင်းက “ပြီးခဲ့တဲ့လတုန်းက မိုဘိုင်းဆင်းမ်ကတ်တွေက ပြင်ပမှာ စျေးနှုန်းကျပ် ၁၅၀,၀၀၀ လောက် အထိ ဖြစ်သွားတယ်။ ဒါပေမဲ့ ပွဲစားတွေရဲ့လက်ထဲမှာလည်း ဆင်းမ်ကတ်တွေ မရှိသလောက် တောင်နည်းပြီး
စျေးကမြင့်တက်နေတာပါ။ ဒီလဆင်းမ်ကတ်တွေ ဆက်ချပေးရင်လည်း ပြင်ပစျေးကွက် မှာ စျေးဘယ်လောက်
ပေါက်ဦးမလဲ မသိဘူး။ မိုဘိုင်းဆင်းမ်ကတ်ချပေးတဲ့အချိန်ဆို ဟန်းဆက်တွေ အရောင်းအဝယ်ကောင်းလာပြီး အသုံးပြုသူတွေအများစုကတော့ ကျပ်တစ်သိန်းဝန်းကျင် ဟန်းဆက်ကို ကိုင်ကြတာများပါတယ်”ဟု ပြောသည်

Most read this week