ဇန်နဝါရီမှ ဇူလိုင်လအတွင်း မီးလောင်မှုကြောင့် ဆုံးရှုံးမှု ကျပ်သန်း ၃၀၀၀ ကျော်ရှိ

ဇန်နဝါရီမှ ဇူလိုင်လအတွင်း မီးလောင်မှုကြောင့် ဆုံးရှုံးမှု ကျပ်သန်း ၃၀၀၀ ကျော်ရှိ
by -
မဇ္ဈိမ

ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း မြန်မာတစ်နိုင်ငံလုံးတွင် မီးလောင်မှုအကြိမ်ပေါင်း ၁၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး မီးလောင်မှုများကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း ၃၀၀၀ ရှိကြောင်း မီးသတ်ဦးစီးဌာနမှ စာရင်းများအရသိရသည်။

ယခုနှစ်ဇန်နဝါရီလမှ ဇူလိုင်လအတွင်းမီးလောင်မှု ၁၂၀၉ ကြိမ်ဖြစ်ပွားခဲ့ပြီး မီးဖိုမီးကြောင့်လောင်ကျွမ်းမှု ၃၀၇ ကြိမ်၊ ပေါ့ဆမီးကြောင့် ၄၀၂ ကြိမ်နှင့် အလိုအလျောက်မီးကြောင့် ၃၁ ကြိမ်အစရှိသဖြင့် ဖြစ်ပွားခဲ့ပြီး ပေါ့ဆမီးကြောင့်လောင်ကျွမ်းမှုမှာ အများဆုံးဖြစ်သည်။

ခုနစ်လအတွင််း မီးလောင်မှုများကြောင့် ပျက်စီးဆုံးရှုံးမှုမှာ အိမ်ခြေ ၄၀၀၀ ကျော်၊ စက်ရုံ ၄၀ ရှိခဲ့ပြီးသေ ဆုံးသူ ၅၀ ဦးနှင့် ဒဏ်ရာရရှိသူ ၁၀၇ ဦးရှိခဲ့သည်။ မီးလောင်မှုများကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်း ၃၀၀၀ ကျော်ရှိသည်။

ဇူလိုင်တစ်လတွင်း မီးလောင်ကျွမ်းမှု ရ၀ ကြိမ်ဖြစ်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သန်း ၅၉ ဒသမ ၃၁ သန်း ရှိသည်။ ဇူလိုင်အတွင်း ကျေးရွာများတွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုေ ကြာင့် ဆုံးရှုံးမှုတန်ဖိုးကျပ် ၈ ဒသမ ၃၃ သန်းရှိပြီး ယင်းပမာဏမှာ တစ်နိုင်ငံလုံးတွင် ဖြစ်ပေါ်ခဲ့သည့် ဆုံးရှုံးမှု၏ ၁၄ ဒသမ ၀၄ ရာခိုင်နှုန်းဖြစ်သည်ဟု မီးသတ်ဦးစီးဌာနမှ စာရင်းများအရသိရသည်။

မီးလောင်ကျွမ်းမှုများနှင့်ပတ်သက်ပြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ဇူလိုင်မှာ ကျေးရွာမီးလောင်မှုက ၂၁ ကြိမ်ဖြစ်ပွားခဲ့လို့ မီးလောင်မှုအကြိမ် စုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်း ပါ၀င်တယ်” ဟု ပြောသည်။

ခုနစ်လအတွင်းဖြစ်ပွားခဲ့သည့် မီးလောင်မှုများတွင် မန္တလေးတိုင်းဒေသကြီးမှာ အများဆုံးဖြစ်ပြီး အကြိမ် ပေါင်း ၁၈၅ ကြိမ်ဖြစ်ခဲ့သည်။ ဒုတိယအများဆုံးမှာ ရန်ကုန်တိုင်းဖြစ်ပြီး ၁၅၂ ကြိမ်နှင့် တတိယအများဆုံးမှာ စစ်ကိုင်းတိုင်း ၁၂၈ ကြိမ်ဖြစ်သည်။

ယခုနှစ် ဇွန်လအတွင်းတွင်မီးလောင်မှု ၈၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကျပ်သန်း ၁၇၀ ကျော်ရှိခဲ့သည်။ ခုနစ်လတာအတွင်း မီးလောင်မှုများ တွင် မတ်လမှာ အကြိမ်ရေအများဆုံးဖြစ်ပြီး ၃၂၄ ကြိမ်လောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုမှာ ကျပ်သန်း ၁၀၀၀ ကျော်ရှိခဲ့သည်။

၂၀၁၂ ခုနှစ် အလားတူကာလတွင် မြန်မာတစ်နိုင်ငံလုံး မီးလောင်မှု ၈၀၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း ၆၀၀၀ ကျော်ရှိခဲ့သည်။ သို့ဖြစ်၍ယခုနှစ်သည် ယမန်နှစ်ထက် မီးလောင်မှု ၄၀၇ ကြိမ်ပိုမို ဖြစ်ပွားခဲ့ပြီ ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း ၃၀၀၀ ကျော်လျော့ကျခဲ့ကြောင်း မီးသတ်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

Most read this week