တရားဥပဒေစိုးမိုးမှု အစီရင်ခံစာနှင့်ပတ်သက်ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဆွေးနွေး

တရားဥပဒေစိုးမိုးမှု အစီရင်ခံစာနှင့်ပတ်သက်ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဆွေးနွေး
by -
မဇ္ဈိမ

အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျူ United States Institute of Peace (USIP) က ပြုစုထားသော မြန်မာပြည် တရားဥပဒေစိုးမိုးမှု အစီရင်ခံစာနှင့် ပတ်သက်ပြီး ရှင်းပြခြင်း၊ လိုအပ်သည့်အချက်များ ဖြည့်စွက်နိုင်ရန်တို့အတွက် ယင်းအင်စတီကျုနှင့် ဒေသခံ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဇူလိုင် ၁၇ ရက်က တွေ့ဆုံခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲကို တောင်ကြီးမြို့တွင် ပြုလုပ်ခြင်းဖြစ်ပြီး အစီရင်ခံစာ ပြုစုခဲ့သူတစ်ဦးဖြစ်သည့် USIP မှ တရားဥပဒေ စိုးမိုးရေး အထူးပညာရှင် Mrs. Leanne MC- kayက ယင်း အစီအရင်ခံစာတွင် အချက်အလက်များ မှန်ကန်စွာ တင်ပြနိုင်ရန် ကြိုးစားထားပြီး အစီရင်ခံစာကို ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်နှင့် တိုင်းအစိုးရအဖွဲ့များသို့လည်း ပေးပို့ထားသည်ဟု ဆိုသည်။

ယင်းအစီရင်ခံစာကို ပြုစုနိုင်ရန်အတွက် USIP အဖွဲ့ဝင်များသည် ဖေဖော်ဝါရီလကပင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။ ယင်းအစီရင်ခံစာသည် ပြည်တွင်းက အောက်ခြေအဆင့်တွင် ဖြစ်ပွားနေသည့် သတင်းအချက်အလက် တော်တော်များများ ပါ၀င်ကြောင်းလည်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ကောင်ရွေ ပအိုဝ့်လူငယ်အဖွဲ့မှ ကိုခွန်ခမ်းကောင်က ပြောသည်။

၎င်းက “အဓိက က အောက်ခြေမှာရှိနေတဲ့ တရားဥပဒေစိုးမိုးမှုနဲ့ ပတ်သက်ပြီးတော့ အားနည်းနေတာကို အတော်များများ မီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။ ဒီအစီရင်ခံစာထဲကအတိုင်းသာ လိုက်ပြီးတော့ လုပ်ဆောင်ပေးနိုင်ရင်တော့ တရားဥပဒေစိုးမိုးမှုအတွက်ကို အတော်လေး ထိရောက်နိုင်မှာပါ”ဟု မဇ္စျိမကို ပြောကြား သည်။

USIP သည် အမေရိကန်ကွန်ဂရက် လွှတ်တော်၏ ဘဏ္ဍာရေးအထောက်အပံ့ဖြင့် တည်ထောင်ထားပြီး ၀ါရှင်တန်ဒီစီ အခြေစိုက် လွတ်လပ်ပြီး ဘက်မလိုက်သော အဖွဲ့အစည်းတစ်ခုဖြစ်ကာ အာဖဂန်နစ္စတန်၊ လစ် ဗျား၊ နီပေါ၊ ဆူဒန်၊ တောင်အာဖရိက၊ အီရတ်နဲ့ ယီမင်နိုင်ငံများအပါအဝင် ပဋိပက္ခများကြောင့် ထိခိုက်မှုရှိ သော ဒေသများတွင် လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(S- NDP)၊ ပအို၀့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရှမ်းပြည် လူမျိုးပေါင်းစုံလွတ်မြောက်ရေးအ ဖွဲ့(ရ. လ.လ.ဖ)၊ ၈၈ မျိုးဆက် (ရှမ်းပြည်နယ်)၊ ကောင်ရွေပအိုဝ့် လူငယ်အဖွဲ့စသည့် အဖွဲ့အစည်းများ၊ တရားသူကြီးများ၊ ရှေ့နေများ အပါအဝင် ဦးရေ ၄၀ ကျော် တက်ရောက်ခဲ့ကြသည်။

Most read this week