ဓနုတိုင်းရင်းသားများ အခြားတိုင်းရင်းသားအဖွဲ့များနှင့် ချိတ်ဆက်ရလွယ်ကူရန် ဓနုစာပေရုံးဖွင့်

ဓနုတိုင်းရင်းသားများ အခြားတိုင်းရင်းသားအဖွဲ့များနှင့် ချိတ်ဆက်ရလွယ်ကူရန် ဓနုစာပေရုံးဖွင့်
by -
မဇ္ဈိမ

ဓနုတိုင်းရင်းသားများနှင့် အခြားတိုင်းရင်းသားအသင်းများ ချိတ်ဆက်မှုလွယ်ကူရန် ရည်ရွယ်ပြီး ဓနုစာပေ ယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအသင်း (တောင်ကြီးမြို့) ရုံးခန်းကို ဇူလိုင် ၁၄ရက်က တောင်ကြီးမြို့
ကန်ရှေ့ရပ်၊ သံလွင်လမ်းတွင် ဖွင့်လှစ်လိုက်သည်။

“ကျွန်တော်တို့ ဓနုတိုင်းရင်းသားတွေမှာတော့ ဆက်သွယ်ဖို့ ရုံးခန်းတွေ မရှိသေးဘူး။ ဒီတော့အခြားသော တိုင်းရင်းသား စာပေယဉ်ကျေးမှု အသင်းအဖွဲ့တွေနဲ့ ဆက်သွယ်တဲ့အခါ လွယ်လွယ်ကူကူ ဆက်သွယ်လို့ရအောင်ရယ်၊ ရှမ်းပြည်နယ် အစိုးရနဲ့ ချိတ်ဆက်လုပ်ဖြစ်တဲ့ ယဉ်ကျေးမှုနဲ့ ပတ်သက်တာတွေ ချိတ် ဆက်မှုလွယ်ကူရန် ရည်ရွယ်ပြီး ကျွန်တော်တို့ ရုံးခန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်” ဟု ဓနုစာပေယဉ် ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ဒေါက်တာကျော်လွင်ထူးက မဇ္ဈိမကိုပြောသည်။

ဓနုစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းတွင် စာပေရေးရာကော်မတီ သီးခြားဖွဲ့ထားပြီး ဓနုပြက္ခဒိန်၊ ဓနုအမျိုးသား သမိုင်းစာအုပ်စာတမ်းများ၊ စာပေရေးရာ ကိစ္စရပ်များaဆာင်ရွက်နေသည်ဟု ဆိုသည်။

ထို့အပြင် သုဓနု လူငယ်အဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီး တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ၊ ရိုးရာ ဓနု သံချပ်သီချင်းများကို လူငယ်အဖွဲ့အနေဖြင့် ဆောင်ရွက်နေပြီး ဓနုသွေးလှူရှင်အသင်းကိုလည်း ဖွဲ့စည်းထားကာ လူမျိုးပေါင်းစုံအား ကူညီနေကြောင်းသိရသည်။

ဓနုတိုင်းရင်းသားများသည် ရှမ်းပြည်တောင်ပိုင်း တောင်ကြီး၊ ပင်းတယ၊ ရွာငံ၊ တောင်နီ၊ ဟဲဟိုး၊ ဘော် ဆိုင်း၊ အင်းလေး စသည့်ဒေသများတွင် နေထိုင်ကြပြီး ပင်းတယ နှင့်ရွာငံဒေသသည် ဓနုတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည်။ ၂၀၀၃ ခုနှစ် မတိုင်မီက ဓနုတိုင်းရင်းသား တစ်သိန်းရှစ်သောင်း သုံးထောင်ခုနှစ်ရာရှိပြီး ၂၀၀၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ နှစ်သိန်းသုံးသောင်းကျော် ရှိသည်။

Most read this week