ရန်ကုန် - ကိုလ်ကတ္တား တိုက်ရိုက်လေကြောင်း အပိုဆောင်း ပြေးဆွဲမည်

ရန်ကုန် - ကိုလ်ကတ္တား တိုက်ရိုက်လေကြောင်း အပိုဆောင်း ပြေးဆွဲမည်
by -
မဇ္ဈိမ

ရန်ကုန်မြို့နှင့် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့သို့ ပြေးဆွဲ ပျံသန်းလျက်ရှိသော Air India (AI) လေကြောင်းလိုင်းကို ဇူလိုင်လ ၁၇ ရက်နေ့မှစ၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တိုးချဲ့ပြေးဆွဲသွားမည် ဖြစ်သည်။

လက်ရှိတွင် တနင်္လာနေ့တိုင်း ပြေးဆွဲပေးလျက်ရှိရာမှ စက်တင်ဘာလ ၁ ရက်နေ့ထိ ခရီးသည် ၁၄၄ ဦးဆံ့ Air Bus 319 လယာဉ်ဖြင့် တိုးချဲ့ပြေးဆွဲပေးမည်ဖြစ်သည်။

ရန်ကုန်မြို့မှ ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ထွက်ခွါကာ ကိုလ်ကတ္တားမြို့မှလည်း ဒေသစံတော်ချိန် နံနက် ၅ နာရီခွဲတွင် ထွက်ခွါမည်ဖြစ်ကြောင်း The Statesman သတင်းစာတွင် ဖော်ပြပါရှိသည်။

Most read this week