အုပ်စုလိုက် အဓမ္မကျင့်မှုဖြစ်ပွား

အုပ်စုလိုက် အဓမ္မကျင့်မှုဖြစ်ပွား
by -
မဇ္ဈိမ

လူသုံးဦးက ၀ိုင်းဝန်းအဓမ္မပြုကျင့်မှုတစ်ခု သမိုင်းဘူတာရုံလမ်းရှိ တည်းခိုခန်းတစ်ခုတွင် ဇူလိုင် ၉ ရက် ည ရ နာရီခန့်က ဖြစ်ပွားခဲ့သဖြင့် ဘုရင့်နောင်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။

ပြုကျင့်ခံရသည့်အမျိုးသမီးသည်အသက် ၃၃ နှစ်အရွယ်ရှိပြီး မရမ်းကုန်းမြို့နယ်တွင်နေထိုင်သူဖြစ်ကြောင်း ရဲဌာနကအတည်ပြုထားပြီး သူမသည်အလှူတစ်ခုတွင် သွားရောက်ကူညီလုပ်ကိုင်ပြီး အပြန်လမ်းတွင် ယခုလိုအဓမ္မကျင့်ခံရခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်သည်။

ထိုသို့ပြန်လာချိန်တွင် အတူပြန်လာသည့် အမျိုးသားကသမိုင်းဘူတာရုံလမ်းရှိ တည်းခိုခန်းသို့ခေါ်ဆောင်ရာ သူမကလိုက်သွားခဲ့ကြောင်း၊ ထို့နောက်သူမကို ခေါ်ဆောင်လာသော အမျိုးသားကတစ်ဦးတည် အပြင်သို့ ပြန်ထွက်သွားခဲ့ကြောင်း ကာယကံရှင်ကရဲကို ထွက်ဆိုထားသည်။

အဆိုပါအမျိုးသားက ပြန်လာသောအခါ အရက်များသောက်စားလာသည့်အပြင် သူနှင့်အတူ အခြား အမျိုးသားနှစ်ဦးကိုပါ ခေါ်ဆောင်လာခဲ့ပြီးအမျိုးသမီးကို အဓမ္မကျင့်ခဲ့သည်ဟု ကာယကံရှင်၏ ထွက်ဆိုချက်ကို ရဲမှတ်တမ်းတွင်တွေ့ရသည်။

ယခုကိစ္စနှင့် ပတ်သက်၍ အဓမ္မပြုကျင့်သူများအဖြစ် စွပ်စွဲခံရသူများမှာ ကိုနေလင်းအောင်၊ ကိုကျော်နိုင် နှင့် ကိုအောင်အောင် တို့ဖြစ်ကြသည်။

Most read this week