မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ လယ်ယာထွက်ကုန်၊ ရေထွက်ကုန်နှင့် သစ်တော ထွက်ကုန်များကို အဓိက တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှတဆင့် သိရသည်။
လယ်ယာထွက်ကုန်များမှ ဆန်၊ ပဲတီစိမ်း၊ နှမ်း၊ ပြောင်း၊ ရော်ဘာတို့ဖြစ်ပြီး ရေထွက်ကုန်များတွင် ကဏန်း၊ ငါးရှဉ့်၊ ငါးပူတင်း အရေခွံ၊ ငါးလေးခြောက်တို့ ဖြစ်ကာ သစ်တောထွက်ပစ္စည်းများတွင် ဒရင်ကောက်မြစ်၊ ကြိမ်၊ တောင်လုံးကျော်၊ ပိတောက်မြစ်၊ မျှစ်ခြောက် စသည်တို့ ဖြစ်သည်။
“မူဆယ်ကနေ မေလအတွင်းမှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၂၃ သန်းကျော်၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၉၅ သန်းကျော်ဖိုး ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဧပြီလထက် ပို့ကုန်မှာ အမေရိကန်ဒေါ်လာ ၄၂ သန်း၊ သွင်းကုန်မှာ အမေရိကန်ဒေးလာ ၂၆ သန်းပ်ိုပြီး ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ပါတယ်” ဟု ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့် က ပြောကြားသည်။
အဆိုပါ နယ်စပ်စခန်းမှ ယင်းပို့ကုန်များအပြင် သတ္တုထွက်ပစ္စည်းများနှင့် တိရစ္ဆာန်ထွက် ပစ္စည်းများလည်း တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း သိရှိရသည်။